(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနား ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီ၊ “စာလုံးစာသား သရုပ်ဖော်တင်ဆက်ရေး လုပ်ငန်းအဖွဲ့” လေ့ကျင့်နေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးကိုကို ကြည့်ရှုစစ်ဆေး နေပြည်တော် ဇန်နဝါရီလ ၁၈ရက်

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင်  သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထား ရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးထွန်းအုံ၊ စာလုံးစာသား သရုပ်ဖော် တင်ဆက်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀:၀၀နာရီတွင် နေပြည်တော် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပမည့်နေရာရှိ ပွဲကြည့်စင်တွင် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား စာလုံးစာသားဖြင့် သရုပ်ဖော်တင်ဆက်ပြသနိုင်ရန် လေ့ကျင့်နေမှုများကို စစ်ဆေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်မှုများပြုလုပ် ရာတွင် စာလုံးစာသား ကတ်ပြားများ မှားယွင်းမှုမရှိစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု အလှပြယာဉ်နှင့် သရုပ်ဖော်သည့့်် စာလုံးစာသား ကိုက်ညီမှုရှိစေရေး၊ လေ့ကျင့်ရေးကာလအတွင်း ကျောင်းသား၊ ကျောင်းသူများသာမက ကြီးကြပ်သူ ဆရာ၊ ဆရာမများပါ ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ  သွားလာ နေထိုင်စားသောက်ကြရန်နှင့် စင်မြင့်၏ slope ကို အားကစားကွင်းများမှာကဲ့သို့ ၂၀ ဒီဂရီခန့် မတ်စောက်အောင် ယာယီခုံတန်းပြုလုပ်ပေးရန် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီသို့ တင်ပြရေးအတွက် အထူးအလေးအနက်ထား စီစဉ် ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် ရာတွင် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု အလှပြ ယာဉ်များဖြင့် ဖြတ်သန်းသည့်အခါ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်တို့၏ အမည်စာလုံး စာသားများကို  သရုပ်ဖော်တင်ဆက်နိုင်ရန်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဦးစီး၊ seagame  အတွေ့အကြုံရှိ ဆရာမများက နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူအင်အား ၁၀၇၀ဦးတို့အား ၁၈.၁.၂၀၂၂ ရက်နေ့မှ စတင်၍ လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။