Embracing the 4IR: Outlook, Strategies, and Plans for ASEAN Webinar (Open to Public)

အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူးကျင်းပပြုလုပ်သည့် “Embracing the 4IR: Outlook, Strategies, and Plans for ASEAN” Webinar (Open to Public) ဆွေးနွေးပွဲကို ယနေ့နံနက် မြန်မာစံတော်ချိန် နံနက် ၉: ၀၀ နာရီ မှ ၁၁ : ၀၀ အထိ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

           ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မြင့် (SOCA Leader) ဦးဆောင်သော ရုံးအဖွဲ့မှ တက်ရောက်ခဲ့ပါသည်။

           ဆွေးနွေးပွဲတွင် 4IR ၏  ပေါင်းစည်းထားသော မဟာဗျူဟာရေးဆွဲရေးအတွက် ဆွေးနွေးတင်ပြရန်နှင့် လိုအပ်သလိုကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်တို့ကို အဓိက ဆွေးနွေးခဲ့ကြပြီး ကိုဗစ်-၁၉ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလနှင့် ပြန်လည်ကုစား နေသည့်ကာလအတွင်း ပြည်သူများ အချင်းချင်း ဆက်သွယ်ရန်၊ လေ့လာသင်ကြားမှုများ ပြုလုပ်ရန်နှင့် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရေးအတွက် ဒီဂျစ်တယ်နည်းပညာအသစ်များ ပံ့ပိုးရန်နှင့် အာဆီယံတွင် စတုတ္ထစက်မှု တော်လှန်ရေး 4IR အတွက် မဟာဗျူဟာရှိရန် လိုအပ်လာမှုကိစ္စ၊  4IR ဆီသို့ ချဉ်းကပ်မှုတွင် အာဆီယံအတွက် ဖြစ်လာနိုင်ဖွယ်ရှိသော စိန်ခေါ်အားစမ်းမှုများနှင့် ပတ်သက်သည့် ကိစ္စရပ်များ စသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။