ဌာနတွင်းလစဉ် စာတမ်းဖတ်ပွဲနှင့် မြန်မာသမိုင်းပညာရှင်များ၏ သမိုင်းဆိုင်ရာအသိပညာပေး စာတမ်းဖတ်ကြား

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများရှိ အရာထမ်း အမှုထမ်းများ၏ capacity Building မြုင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၏ သမိုင်းဘာသာရပ်ဆိုင်ရာဆွေးနွေးဟောပြောပွဲနှင့် စာတမ်းကြားဆွေးနွေးခြင်းကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ သမိုင်းဘာသာရပ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်စာတမ်းဖတ်ပွဲ´´အား၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ၃၀ရက် ‌နံနက်‌ ၁၀:၀၀နာရီတွင်အမျိုးသားစာကြည့်တိုက်(နေပြည်တော်) အဆောင်(C ) ရှိ International Conference Hall ၌ကျင်းပပြုလုပ်ခဲ့ပြီး သမိုင်းသုတေသနဣျင့်အမျိုးသားစာကြည့်တိုက်ဿီးစီးဌာန၏ လစဉ်ဖတ်ကြားလျက်ရျိသော ဌာနတွင်းဆိုင်ရာ သုတေငနစာတမ်းဖတ်ကြားခြင်းကို သုတေသနအရာရှိ ဉီးဇော်မင်းထွန်း (ရန်ကုန်သုတေသနဌာနခွဲ)မှ Video Conferencing system ဖြင့် ဘင်္ဂလားသွား မြန်မာသံအဖွဲ့၏ ပေးစာနှစ်စောင်အား သမိုင်းအမြင်ဖြင့်လေ့လာသုံးသပ်ခြင်းစာတမ်းအားလည်းကောင်း သမိုင်းပညာရှင် မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး ဉီးကျော်စိုးမှ သမိုင်းဘာသာရပ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်းအနေဖြင့် ရွှေပြည်ရန်အောင်မြင်းမြေ (အရှေ့လက်) စာတမ်းအားအသီးသီးဖတ်ကြားတင်သွင်းခဲ့ကြောင်းသတင်းရရှိပါသည်။