သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တင်ဆက်မည့် “စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်ဇာတ်တော်ကြီး” မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ပြသနိုင်ရေး အတွက် ၁၁.၁.၂၀၂၂ ရက်နေ့တွင် ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအနက်  ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း သည့်အနေဖြင့် ဇာတ်တော်ကြီးများ ဖော်ထုတ်တင်ဆက်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နယ်လှည့်ဖျော်ဖြေတင်ဆက်ခြင်း၊ ဆို၊ ငို၊ ပြော စသည့် ရိုးရာသဘင်ပညာရပ်များနှင့် တီးခတ်မှု ပညာရပ်၊ စွမ်းရည်များတိုးမြှင့်ခြင်းတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နေသည့်ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေစေရန်နှင့် ဖျော်ဖြေမှုပေးနိုင်ရန်ရည်ရွယ်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) တွင် ထုတ်လွှင့်ပြသနိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ် ဌာနခွဲရှိ အနုပညာရှင်ဝန်ထမ်းများက စောင့်စည်းအာရုံမြတ်သည့်ဂုဏ်(ဆို၊ငို၊ပြော) ဇာတ်တော်ကြီး ရိုက်ကူးရေးလုပ်ငန်းများကို ၁၁.၁.၂၀၂၂ ရက်နေ့တွင် ရုံးအမှတ်(၃၅)၊ နေပြည်တော်၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လေ့ကျင့်ရေးဇာတ်ရုံတွင် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဇာတ်တော်ကြီး၌ ဥဇ္ဇေနီဘုရင်အဖြစ် ဦးဝင်းမင်းဌေး၊ စိတြလုလင်အဖြစ် ဦးကျော်စွာဝင်း၊ ရူပမင်းသားအဖြစ် ဦးအောင်ဟိန်းကျော်၊ သဒ္ဒမင်းသားအဖြစ် ဦးအေးချမ်းအောင်၊ ဂန္ဓမင်းသားအဖြစ် ဦးကျော်ဖြိုးလင်း၊ ရသာရုံမင်းသားအဖြစ် ဦးသန့်ဇင်၊ ဒိသာပါမောက္ခ ဆရာကြီး အဖြစ် ဦးအောင်သူရိန်၊ အဿမုခိဘီလူးမအဖြစ် ဒေါ်ဝေဖူးငယ်နှင့် ဘီလူးမများအဖြစ် ဒေါ်သင်း သင်းမိုး၊ ဒေါ်ခိုင်ဇာဖြိုး၊ ဒေါ်နှင်းဝတ်ရည်၊ ဒေါ်စိမ်းလဲ့ခင်၊ ဒေါ်တင်တင်ဌေး တို့နှင့်အတူ ဇာတ်ပို့၊ ဇာတ်ရံများ ပါဝင်ကပြဖျော်ဖြေတင်ဆက်ထားပါသည်။