ပထမအကြိမ် ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ပြီးစီး

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲတွင် ပထမအကြိမ် ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲကို (၂၈.၁.၂၀၂၂) ရက်နေ့၊ ပယ်ပုံတော်ဝင်း ခန်းမ၌ ကျင်းပပြီးစီးခဲ့ပါသည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဒေါ်မာမာအေး(ဦးစီးအရာရှိ)က “ရွှေကြက်ကျ ဘုရား လှေဦးတိုက်ပွဲတော် လေ့လာ ခြင်းစာတမ်း”ကိုလည်းကောင်း၊ ဦးဇော်ဝင်း (စာရင်းကိုင်-၁)က မြန်မာ့အငြိမ့်ဖျော်ဖြေတင်ဆက်မှု ဆိုင်ရာလေ့လာခြင်းစာတမ်း”ကိုလည်းကောင်း၊ ဒေါ်တင်သန္တာလွင် (ဒု-ဦးစီးမှူး)က “အမရပူရ ခေတ် ဘိုးတော်ဗဒုံမင်း၏ မြေယာစီမံခန့်ခွဲမှု ပကတိပယ်နှင့် မင်းပယ်စံနှုန်းမှတ်တမ်းများ လေ့လာ ချက်စာတမ်း”ကိုလည်းကောင်း၊ ဒေါ်မျိုးပပအောင်(ဒု-ဦးစီးမှူး)က ရတနာပုံခေတ် မြနန်းစံကျော် ရွှေနန်းတော် ရေသွယ်ယူ စုဆောင်းမှု ပဏာမ လေ့လာချက်စာတမ်း”ကိုလည်းကောင်း၊ ဒေါ်ခင်သီတာလင်း(ဒု-ဦးစီးမှူး)က “မြန်မာ့ရိုးရာရွှေပွားစက္ကူလုပ်ငန်းလေ့လာချက်စာတမ်း”ကို လည်းကောင်း အသီးသီးဖတ်ကြား ခဲ့ကြပါသည်။