ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ (၁/၂၀၂၂)ကျင်းပခြင်း

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ ကျင်းပပေးလျက်ရှိရာ (၃၁.၁.၂၀၂၂)ရက်နေ့တွင် ပုဂံဌာနခွဲ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ (၁/၂၀၂၂)ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

အဆိုပါစာတမ်းဖတ်ပွဲသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမျိုးညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးမျိုးညွန့်အောင်တို့က သဘာပတိအဖြစ်ဆောင်ရွက်ပေးခဲ့ကြပါသည်။

စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဒေါ်လင်းလင်းအိ (ဒု-ဦးစီးမှူး)က “ခေမင်္ဂဘုရား(၅)ဆူထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ လေ့လာချက်” စာတမ်းကိုလည်းကောင်း၊ ဒေါ်တင်နွယ်ဝင်း (ဒု-ဦးစီးမှူး)က “ပုဂံဒေသရှိ စိုက်ပျိုးမှုဆိုင်ရာ မျိုးရင်း အပင်များလေ့လာချက်”စာတမ်းကိုလည်းကောင်း၊ ဒေါ်လှဝင်းရီ (ဒု-ဦးစီးမှူး)က “ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်ရရှိသော မြန်မာနိုင်ငံမှ ရှားပါးစာပေပစ္စည်းများ”စာတမ်းကိုလည်းကောင်း၊ ဒေါ်ပြုံးမို့မို့လှိုင် (အငယ်တန်းအင်ဂျင်နီယာ-၂)က “ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံ အမှတ်-၅၃၉(နရသီဟပတေ့ဘုရား၊ ၅၈၈ (အဇ္ဈဂေါဏဘုရား)နှင့် ၇၁၁ (လက်ပွတ်ကန်ဘုရား)တို့၏ မဟာရံတံတိုင်းများပျက်စီးမှုအားဆန်းစစ်လေ့လာခြင်း”စာတမ်းကိုလည်းကောင်း၊ ဒေါ်ဥမ္မာကျော် (ဒု-ဦးစီးမှူး)က “မြန်မာ့ ရိုးရာထန်းယဉ်ကျေးမှုအကြောင်းလ့လာချက်”စာတမ်းကိုလည်းကောင်းဒေါ်ခင်မာချို(ဦးစီးအရာရှိ)က”ဇတ်စုံညီနောင်ဘုရားနံရံဆေးရေးပန်းချီလေ့လာချက်”စာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပါသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန