ဒုတိယနှစ်ဝက်၊ ဘွဲ့ကြိုတန်း(ဒုတိယနှစ်နှင့်တတိယနှစ်)သင်တန်းများဖွင့်လှစ်သင်ကြား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်၊ ဘွဲ့ကြိုတန်း(ဒုတိယနှစ်နှင့်တတိယနှစ်)သင်တန်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသော (ကိုဗစ်-၁၉)ကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံများ၊ အကြံပြုချက်များနှင့်အညီ စတင်ဖွင့်လှစ်ခဲ့ပါသည်။

          ထိုသို့ဖွင့်လှစ်ခဲ့ရာ၌ ဂီတ၊ သဘင်၊ ပန်းချီ၊ ရုပ်ရှင်နှင့်ပြဇာတ်အထူးပြု ဒုတိယနှစ် နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးစီးပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။