ဌာနတွင်း အင်္ဂလိပ်စာသင်တန်း ၁/၂၀၂၂ ဖွင့်လှစ်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ဝန်ထမ်းများ အင်္ဂလိပ်ဘာသာ စကားကို ကျွမ်းကျင်စွာအသုံးပြုနိုင်စေရန်နှင့် အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရည်ရွယ် ၍ ဌာနတွင်းအင်္ဂလိပ်စာသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် (၁၇.၃.၂၀၂၂)ရက်နေ့ နံနက်(၀၉၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ အရာထမ်းများ၊ အမှုထမ်းများနှင့် သင်တန်းသား/သူ (၄၃)ဦးတို့ တက်ရောက်ခဲ့ကြသည်။

ဌာနတွင်း အင်္ဂလိပ်စာသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က သုတေသနစာတမ်းရေးသားနည်းသင်တန်းနှင့်အတူ အင်္ဂလိပ်စာ Online စနစ်ဖြင့် အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ဌာနခွဲ ဝန်ထမ်းများကို အင်္ဂလိပ်စာ ဘာသာစကား ကျွမ်းကျင်စွာအသုံးနိုင်စေရေးနှင့် အရည်အသွေး တိုးတက်စေရေးအတွက် သင်ကြားပေးသည့် ဆရာများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။ အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြား ခဲ့ပြီး သင်တန်းဆရာများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက နိဂုံးချုပ် စကားပြောကြားပြီးနောက် တက်ရောက်လာသူ သင်တန်းသူ/ သားများနှင့် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ သင်တန်းဆရာ/ဆရာမများ နှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို နံနက် (၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။