သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အနုပညာအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်ခေါ်ယူခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အနုပညာဦးစီးဌာန

အနုပညာအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်ခေါ်ယူခြင်း

၁။      ရန်ကုန်မြို့ နှင့် မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ပထမနှစ်)အတွက် ပန်တျာသင်တန်း နှင့် ပန်းချီပန်းပုသင်တန်းသို့ တက်ရောက်ရန် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။

၂။       အဆိုပါသင်တန်းများသို့ အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါ သည်-

(က)    ပန်တျာသင်တန်း၏ အနုပညာ(ဂီတ/သဘင်) သီးသန့်သင်တန်းအတွက် သတ္တမတန်း အောင်မြင်သူဖြစ်ရမည်။

(ခ)     ပန်တျာသင်တန်း၏ စာပေနှင့်အနုပညာ (ဂီတ/သဘင်) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း အောင်မြင်သူဖြစ်ရမည်။

(ဂ)     ပန်းချီပန်းပုသင်တန်း၏ အနုပညာ(ပန်းချီ/ပန်းပု) သီးသန့်သင်တန်းနှင့် စာပေနှင့် အနုပညာ(ပန်းချီ/ပန်းပု)တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း အောင်မြင်သူ ဖြစ်ရမည်။

(ဃ)    ဂီတ(သို့မဟုတ်)သဘင်(သို့မဟုတ်)ပန်းချီ(သို့မဟုတ်)ပန်းပု အခြေခံပညာကို အသင့် အတင့် တတ်ရမည်။

(င)     အသက်(၁၃) နှစ်မှ (၁၇)နှစ်အတွင်းရှိရမည်။

၃။      စာပေနှင့်အနုပညာတွဲဖက်သင်တန်းသို့ လျှောက်ထားသူများသည် အနုပညာဘာသာရပ် အပြင် အခြေခံပညာအထက်တန်း ပူးတွဲသင်ကြားခွင့် ရရှိပါမည်။

၄။      ပညာသင်ကြားနေသည့် လများတွင် တစ်လလျှင် ၃၀၀၀ဝိ/- နှုန်း ဖြင့်ထောက်ပံ့ကြေးရရှိမည် ဖြစ်ပြီး ၃ နှစ်သင်တန်းပြီးဆုံးပါက အနုပညာသင်တန်းဆင်းလက်မှတ် (Certificate) နှင့်  အခြေခံ ပညာအထက်တန်းအဆင့် သင်ယူပြီး‌မြောက်ခြင်းလက်မှတ် (Completion Certificate) ရရှိပါမည်။

၅။      လျှောက်ထားလိုသူများသည် အနုပညာဦးစီးဌာန၏ ဖုန်းအမှတ်၊ ၀၆၇ – ၃ – ၄၀၈၀၃၇ ၊ ၀၆၇- ၃ – ၄၀၈၄၄၃ ၊ ၀၁-၅၅၅၆၄၂ ၊ ၀၂ – ၄၀- ၆၁၁၆၉ တို့သို့ စုံစမ်းမေးမြန်း၍ ၂၀၂၂ ခုနှစ်၊ မေလ နောက်ဆုံးပတ်အထိ လျှောက်ထားနိုင်ပါသည်။

အနုပညာအထက်တန်းကျောင်း ပန်းချီပန်းပုသင်တန်း ဝင်ခွင့်လျှောက်လွှာပုံစံ

အနုပညာအထက်တန်းကျောင်း ပန်တျာသင်တန်း ဝင်ခွင့်လျှောက်လွှာပုံစံ