ငြိမ်းချမ်းသော၊ ပူးပေါင်းပါဝင်မှုရှိသော၊ အဓွန့်ရှည် တည်တံ့မှုရှိသော၊ ကျန်းမာကြံ့ခိုင်ပြီး သဟဇာတဖြစ်မှုရှိသော၊ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် ယဉ်ကျေးမှုဆိုင်ရာ ကာကွယ်တားဆီးရေးကြေညာချက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ ၅ ကြိမ်မြောက်အစည်းအဝေး (5th WG on Culture of Prevention – 5th CoP) နှင့် ၃၂ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (32nd SOCA)

နေပြည်တော်                                                  (၂၈.၃.၂၀၂၂ မှ ၂၉.၃.၂၀၂၂) ရက်နေ့အထိ

                ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ ငြိမ်းချမ်းသော၊ ပူးပေါင်းပါဝင်မှုရှိသော၊ အဓွန့်ရှည် တည်တံ့မှုရှိသော၊ ကျန်းမာ ကြံ့ခိုင်ပြီး သဟဇာတရှိသော၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ယဉ်ကျေးမှု ဆိုင်ရာ ကာကွယ်တားဆီးရေးကြေညာချက်ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ၅ ကြိမ်မြောက် အစည်းအဝေး (5th CoP) နှင့် ၃၂ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (32nd SOCA) များကို မတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် အဆင့်မြင့်အရာရှိကြီး (SOCA Leader)ဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

          ယဉ်ကျေးမှုဆိုင်ရာ ကာကွယ်တားဆီးရေးကြေညာချက်ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ၅ ကြိမ်မြောက် အစည်းအဝေး၌ CoP ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နောက်ခံသမိုင်းကြောင်းကို အများပြည်သူများ၊ သုတေသီများနှင့် အာဆီယံဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူများအား အသိပညာပေးရေးအတွက် အတည်ပြု၍ အာဆီယံဝက်ဘ်ဆိုဒ်တွင် လွှင့်တင်မည့်ကိစ္စ၊ Culture of Prevention-CoP ၏ လုပ်ငန်းအစီအစဉ် (Plan of Action) ဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ CoPနှင့် စပ်လျဉ်း၍ ဦးဆောင်သည့် လုပ်ငန်းအစုအဖွဲ့များနှင့်  တွဲဖက်ဦးဆောင်သည့်  လုပ်ငန်းအစု အဖွဲ့များ၏  ဆောင်ရွက်မည့် လုပ်ငန်းများကို ပြန်လည်စစ်ဆေးခြင်း၊ CoP ကြေညာစာတမ်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန်အတွက် CoP ၏ တန်ဖိုးကို အကဲဖြတ်ဆောင်ရွက်ရန်

Evidence of a Culture of Prevention in Action- “သက်သေအထောက်အထားအခြေခံ အကဲဖြတ်မှုတစ်ရပ်” အဆိုပြုသည့်ကိစ္စ၊ Evidence Building in the ASEAN Culture of Prevention  တည်ထောင်မည့် အခြေအနေ၊ အာဆီယံပြည်သူများအကြား‌ဒေသဆိုင်ရာ လုပ်ငန်းစဉ် များ၌ ပိုမိုနားလည်၍ သင့်မြတ်မှုရှိပြီးလိုက်လျောညီထွေမှုရှိသည့် အာဆီယံအသိုက်အဝန်း မြှင့်တင်ခြင်း ဆိုင်ရာ မဟာဗျူဟာစာအုပ်  Development of Strategy Playbook– CoP ထုတ်ဝေနိုင်ရေး ဆွေနွေးခဲ့ကြပြီး၊ (၃၂) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ နှစ်လယ်အကဲဖြတ်မှုအစီရင်ခံစာမှ ထွက်ပေါ်လာသော အကြံပြုချက်များ အပေါ် ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများ၊ ကဏ္ဍစုံ မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံ 4IR Task Force Group (A4IR-TFG) ကဲ့သို့ မဏ္ဍိုင်အချင်းချင်း ပူးပေါင်းသည့် အဖွဲ့အစည်းဆိုင်ရာ ယန္တရားတစ်ခု ဖွဲ့စည်းတည်ထောင်မည့်ကိစ္စ၊ အာဆီယံဘက်စုံ လွှမ်းခြုံသော ပြန်လည်ထူထောင်ရေးမူဘောင် ASEAN Comprehensive Recovery Framework (ACRF) အား အကောင်အထည်ဖော်မှုအခြေအနေ၊ တီမောလက်စတေနိုင်ငံမှ အာဆီယံအဖွဲ့ဝင် အဖြစ် ဝင်ရောက်နိုင်ရေး လျှောက်ထားလာမှုနှင့်စပ်လျဉ်း၍ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် Facts Finding Mission အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဇွန်လ၌ တီမောလက်စတီနိုင်ငံသို့စေလွှတ်ရေး၊ ASEAN Enabling Masterplan 2025 အား လတ်တလော အကောင်အထည်ဖော်နေမှုအခြေအနေ၊ ASEAN Research and Development Platforms ဆောင်ရွက်နိုင်မည့် ကိစ္စများ၊ ASEAN AID တစ်ရပ် ထူထောင်နိုင်ရေး၊ Development of Feasibility Study on the Proposed ASEAN Institute for Policy Studies နှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်ကြမည့် ပညာရှင်များရွေးချယ် သတ်မှတ်ထားသော အခြေအနေများ၊ ASEAN SHIELD နှင့်ပတ်သက်သော အကောင်အထည် ဖော်ဆောင်မှုအခြေအနေများ၊ High Level task Force-HLTF နှင့်စပ်လျဉ်း၍ မဏ္ဍိုင် (၃) ခုမှ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၄၀ ကြိမ်နှင့် ၄၁ ကြိမ်မြောက်   အာဆီယံထိပ်သီးအစည်းအဝေးတွင်    ထုတ်ပြန်ရန်    လျာထားသော မှတ်တမ်းမှတ်ရာများနှင့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အတွက် ဆက်စပ်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။