နည်းပြရာထူးနေရာများခေါ်ယူခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

အနုပညာဌာနခွဲ(ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု)များတွင် တာဝန်ထမ်းဆောင်ရန် နည်းပြ(ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု)နှင့် စာပေပညာဌာနခွဲတွင် တာဝန်ထမ်းဆောင်ရန် နည်းပြ(မြန်မာစာ)၊ နည်းပြ(အင်္ဂလိပ်စာ) နှင့် နည်းပြ(ယဉ်ကျေးမှုသမိုင်း)ရာထူးနေရာများခေါ်ယူခြင်း

၁။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင်အနုပညာတက္ကသိုလ် (ရန်ကုန်)ရှိ အနုပညာဌာနခွဲ(ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု)များတွင် တာဝန်ထမ်းဆောင်ရန် နည်းပြ (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု)နှင့် စာပေပညာဌာနခွဲတွင် တာဝန်ထမ်းဆောင်ရန် နည်းပြ(မြန်မာစာ)၊ နည်းပြ(အင်္ဂလိပ်စာ)နှင့် နည်းပြ(ယဉ်ကျေးမှုသမိုင်း)ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်း နှင့်ပြည့်မီသူများကို အောက်ဖော်ပြပါ အရေအတွက်အတိုင်း ရေွးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည် –

          စဉ်             ရာထူး                                   လစာနှုန်း                       ရာထူးနေရာ

          (က)    နည်းပြ(ဂီတ)                     ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ               ၉ နေရာ

          (ခ)     နည်းပြ(သဘင်)                  ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ               ၁ နေရာ

          (ဂ)     နည်းပြ(ပန်းချီ)                   ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ               ၄ နေရာ

          (ဃ)    နည်းပြ(ပန်းပု)                    ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ               ၅ နေရာ

          (င)     နည်းပြ(မြန်မာစာ)               ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ               ၁ နေရာ

          (စ)     နည်းပြ(အင်္ဂလိပ်စာ)            ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ               ၃ နေရာ

          (ဆ)    နည်းပြ(ယဉ်ကျေးမှုသမိုင်း)    ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ               ၂ နေရာ

၂။       နည်းပြ(ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု)ရာထူးနေရာများအတွက် အောက်ဖော်ပြပါအရည်အချင်း နှင့်ကိုက်ညီသူများလျှောက်ထားနိုင်ပါသည် –

          (က)    သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအလိုက် မဟာဝိဇ္ဇာဘွဲ့ရရှိပြီးသူ (သို့မဟုတ်) မဟာဝိဇ္ဇာအရည်အချင်းစစ်သင်တန်းတက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်၊

          (ခ)     အသက် ၃၀ နှစ်ထက်မကျော်ရ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်ထက်မကျော်ရ။

                   (၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ)

          (ဂ)     အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၃။      နည်းပြ(မြန်မာစာ)၊ နည်းပြ(အင်္ဂလိပ်စာ)နှင့် နည်းပြ(ယဉ်ကျေးမှုသမိုင်း) ရာထူးနေရာများ အတွက် အောက်ဖော်ပြပါ အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် –

          (က)    နည်းပြ(မြန်မာစာ)ရာထူးအတွက် မဟာဝိဇ္ဇာဘွဲ့(မြန်မာစာ)ရရှိပြီးသူ၊ နည်းပြ(အင်္ဂလိပ်စာ) ရာထူးအတွက် မဟာဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)ရရှိပြီးသူ၊ နည်းပြ(ယဉ်ကျေးမှုသမိုင်း)ရာထူး အတွက် မဟာဝိဇ္ဇာဘွဲ့(သမိုင်း)ရရှိပြီးသူ ဖြစ်ရမည်။

          (ခ)     အသက် ၃၀ နှစ်ထက်မကျော်ရ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်ထက်မကျော်ရ။

                   (၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ)

          (ဂ)     အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၄။      လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများဖြင့် လူကိုယ်တိုင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စီမံရေးရာဌာနခွဲရုံးခန်းသို့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရုံးချိန်အတွင်း လာရောက်လျှောက်ထားရမည်ဖြစ်ပါသည် –

          (က)    CV Form (၆ လ အတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ ၂ ပုံ)

          (ခ)     နိုင်ငံသားစိစစ်ရေးကတ်၊ ဝန်ထမ်းကတ်(မိတ္တူ)

          (ဂ)     အခြေခံပညာအထက်တန်းအောင်လက်မှတ်(မိတ္တူ)

(ဃ)    အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့လက်မှတ်၊ အရည်အချင်းစစ်သင်တန်း တက်ရောက်ရန် အဆင့်မီကြောင်း ဘွဲ့လက်မှတ်၊ အမှတ်စာရင်း၊

(င)     မိမိနေထိုင်ရာဒေသမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲစခန်းတို့မှ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)

(စ)     ဝန်ထမ်းဖြစ်ပါက ဌာနအကြီးအကဲ၏ ထောက်ခံချက်(မူရင်း)

(ဆ)    သက်ဆိုင်ရာအထူးပြု ဘာသာရပ်များဖြင့် ဆောင်ရွက်ခဲ့ဖူးသော ပညာရပ်ဆိုင်ရာ/ လုပ်ငန်းဆိုင်ရာ ဖော်ပြချက်နှင့်အထောက်အထားများ။

၅။      ရေးဖြေစစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ စစ်ဆေးသွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများအား လူတွေ့၊လက်တွေ့ စစ်ဆေးမည့်အစီအစဉ်ကိုအချိန်မီထပ်မံ အကြောင်းကြား သွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ဖုန်း၊ ၀၁၃၅၉၀၂၆၃ ၊ ၀၁၃၅၉၀၂၅၇ များသို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)