သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Lee Sang -hwa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

12/06/2020 adminculture35 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၂.၆.၂၀၂၀) ရက်နေ့ ၊ နံနက်(၁၀:၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ […]

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ရှေ့လုပ် ငန်းစဉ် များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်

26/05/2020 adminculture35 0

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ် စာရင်း တင်သွင်းခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကိစ္စများနှင့် စပ်လျဉ်း၍ Video Conferencing စံနစ်ဖြင့် ညှိနှိုင်းအစည်းအဝေးကို (၂၆.၅.၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌ […]

No Image

Coronavirus Disease 2019 (COVID -19) ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုကဏ္ဍများအပေါ် သက်ရောက်မှုများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

12/05/2020 adminculture35 0

Coronavirus Disease 2019 (COVID -19) ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုကဏ္ဍများအပေါ် သက်ရောက်မှုများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက် နိုင်ရေး နှင့်စပ်လျဉ်း၍ Video Conferencing စနစ်ဖြင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ လောကနတ်ခန်းမ၌ […]

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရွှေကျင်ရန် တူးဖော်နေခြင်းကို တားမြစ်ဆောင်ရွက်ခဲ့

11/05/2020 adminculture35 0

မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ်၊ မြင်းကပါကျေးရွာ အပိုင် တောင်ဘီကျေးရွာ အနီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဒေသခံအင်အား (၂၀) ဦးခန့်သည် ရှေးဟောင်း ပစ္စည်းဖြစ်သော ပုတီးစေ့ များ တူးဖော်ရှာဖွေနေကြောင်း သတင်းရရှိမှုအရ (၇.၅.၂၀၂၀)ရက်နေ့ တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ/လုံခြုံ)၊ ဦးစီးအရာရှိ(နယ်မြေလုံခြုံရေး)၊ လုံခြုံရေးဌာနစိတ်မှ […]

No Image

နူးညံ့သောစွမ်းအား(သို့မဟုတ်)ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း “Soft Power: Cultural Diplomacy” နှင်းမြတ်သူ(ယဉ်ကျေးမှု)

07/05/2020 adminculture35 0

နိဒါန်း ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းအား နိုင်ငံတစ်နိုင်ငံက ၎င်း၏နိုင်ငံခြားရေးရာမူဝါဒရည်မှန်းချက် (သို့မဟုတ်) ၎င်း၏သံတမန်ရေးရာကိစ္စများကို ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် လက်ခံကျင်သုံးသော သံတမန်ရေးရာကိစ္စရပ်ပင်ဖြစ်ကြောင်း အလွယ်ကူဆုံး အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ နိုင်ငံများသည် ပဋိပက္ခများကို ကာကွယ်ရန်၊ ယဉ်ကျေးမှုများ ပုံစံသွတ်သွင်းခံရခြင်းနှင့် မိမိယဉ်ကျေးမှုကိုသာ ဗဟိုပြု၍ စံသတ်မှတ်ထားခြင်းကို တားဆီးရန်၊ အပြန်အလှန် နားလည်မှုတိုးမြှင့်ရန်တို့ကို ရည်ရွယ်ပြီး ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို […]

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်နှင့်အညီလျှောက်လှမ်းနေသည့်မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (မာလာအောင်-ယဉ်ကျေးမှု)

04/05/2020 adminculture35 0

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၌ မျက်မြင်အားဖြင့် အကောင်အထည်မဖော်ပြနိုင်ဘဲ လူသားတို့၏ နှလုံးသား၌ စွဲကျန်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage)ဟူ၍ ရှိပါသည်။ တနည်းအားဖြင့် မျိုးဆက်တစ်ခုမှမျိုးဆက်တစ်ခုထံသို့ ယဉ်ကျေးမှု အမွေအနှစ်များကို နှုတ်ဖြင့်ဖြစ်စေ၊ လက်တွေ့သင်ကြားပေးခြင်းဖြင့်ဖြစ်စေ၊ မှတ်တမ်းမှတ်ရာများထားရှိပေး၍ဖြစ်စေ ရှေးယခင်မှယနေ့မျက်မှောက်ကာလထိ ဆင့်ကဲ ဆင့်ကဲရောက်ရှိလာခြင်းသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပေါ်ထွန်းလာခြင်းပင်ဖြစ်ပါ သည်။ အဆိုပါ […]

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအားကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ သတ်မှတ်ချက်များ သိစေလို (မာလာအောင်-ယဉ်ကျေးမှု)

07/04/2020 adminculture35 0

မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များတွင် မျက်စိနှင့်မြင်တွေ့နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များရှိသကဲ့သို့ မျက်စိနှင့်မမြင်တွေ့နိုင်ဘဲ လူသားတို့၏နှလုံးသားထဲတွင် စွဲမြဲ ထင်ကျန်နေသည့် အတတ်ပညာများ၊ ယုံကြည်ကိုးကွယ်မှုများ၊ ရိုးရာဓလေ့များနှင့် ထုံးတမ်း အစဉ်အလာများစသည့် ယဉ်ကျေးမှုအမွေအနှစ်များ ရှိကြပါသည်။ ကမ္ဘာတစ်ဝန်းလုံးက စုစည်း၍ ဖွဲ့စည်းထားသော ယူနက်စကိုအဖွဲ့အစည်း (UNESCO- United Nations Educational, Scientific […]

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး တက်ရောက်အမှာစကားပြောကြား

21/02/2020 adminculture35 0

မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

14/02/2020 adminculture35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအား ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရုံးအမှတ် ၃၅၊ နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ် ခဲ့ပါသည်။အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် […]