အမျိုးသားစာကြည့်တိုက်(ရန်ကုန်) သို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ လေ့လာရေးခရီးလာရောက်
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဆရာတော် ဦးဆောင်၍ သံဃာတော်(၉)ပါးနှင့် တွဲဖက်ပါမောက္ခသီလရှင် (၂)ပါး၊ ဒုတိယဌာနမှူး(၂)ဦး၊ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်(၆)ဦး၊ စာကြည့်တိုက်ဌာနစုမှ ဝန်ထမ်း (၇)ဦး၊ စုစုပေါင်းရဟန်း/ သံဃာနှင့် သီလရှင်(၁၁)ပါး၊ စာကြည့်တိုက်ဝန်ထမ်း (၁၃)ဦးတို့သည် (၂၈-၅-၂၀၂၁)ရက်နေ့ (သောကြာနေ့) နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ လာရောက် လေ့လာခဲ့ကြပါသည်။ […]