ဌာနတွင်းကွန်ပျူတာအဆင့်မြင့်သင်တန်း (Adobe Photoshop Application Software) (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ  ကျင်းပပြုလုပ်

08/02/2023 doarnm 0

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ  ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့ ကွန်ပျူတာကိုင်တွယ် အသုံးပြုရသည့် ဝန်ထမ်းများအနေဖြင့် Adobe Photoshop Software အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ဝန်ထမ်းများ၏ အရည် အချင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ဌာနတွင်းကွန်ပျူတာအဆင့်မြင့် သင်တန်း (Adobe Photoshop Application Software) […]

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ရှေးဟောင်းအဆောက်အအုံကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကျင်းပ

26/12/2022 doarnm 0

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ရှေးဟောင်းအဆောက်အအုံများကို ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်း အခမ်းအနားကို အ.ထ.က(၄)အခြေခံ ပညာအထက်တန်းကျောင်းတွင် ၂၅-၁၂-၂၀၂၂ ရက်နေ့၊ (၁၃:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် […]

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ထပ်မံလှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍ ရှေးဟောင်းအဆောက်အအုံများထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည့်သတင်း

16/12/2022 doarnm 0

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် မန္တလေးမြေငလျင်စခန်း၏တောင်ဘက် ၉ မိုင်ခန့်အကွာ ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျစတာစကေး ၃.၆ […]

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၃:၁၆) အချိန်၌ လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍ ရှေးဟောင်းအဆောက်အအုံများထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည့်သတင်း

16/12/2022 doarnm 0

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၃:၁၆) အချိန်၌ မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက်(၁၅)မိုင်ခန့်အကွာ၊ တံတားဦးမြို့၏ အရှေ့ဘက်(၄)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၁.၈၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၃)ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါသည်။ ယင်းငလျင်လှုပ်ခတ်မှုကြောင့် […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားကျင်းပ

16/11/2022 doarnm 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်း ရေးဥပဒေပုဒ်မ ၃၄/ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ ၁၂၄ လုံးကို ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ရာ ယင်းရှေးဟောင်းအဆောက်အအုံများတွင် ပါဝင်သည့် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ကမ်းနာလမ်းရှိ […]

ဌာနတွင်း သုတေသနစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခြင်း

21/10/2022 doarnm 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရှိ ဝန်ထမ်းများအတွက် လုပ်ငန်းအရည်အချင်းတိုးတက်လာစေရန်၊ သုတေသန အကြောင်းအရာများကို ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့် တိုးပွားစေရန်၊ ဝန်ထမ်းတစ်ဦး အနေဖြင့် မိမိဆောင်ရွက်နေသည့် သုတေသနဆိုင်ရာလုပ်ငန်းကို အခြားဝန်ထမ်းများ သိရှိစေရေး အတွေ့အကြုံများမျှဝေပေးရန်နှင့် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော သုတေသန စာတမ်းဖတ်ပွဲ အတွက် သင့်လျော်သည့် စာတမ်းများပေါ်ထွက်လာစေရန် […]

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ၌ ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲ (၆/၂၀၂၂)ကျင်းပ

21/10/2022 doarnm 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား(၆/၂၀၂၂)ကို ယောမင်းကြီးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊နေပြည်တော်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က Online မှ တက်ရောက် အမှာစကားပြောကြားပါသည်။ […]

ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဓာတုဗေဒနည်းဖြင့် လက်တွေ့ထိန်းသိမ်းခြင်း ဌာနတွင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

11/10/2022 doarnm 0

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ရေရှည်တည်တံ့စေရေးအတွက်ထိန်းသိမ်း ဆောင်ရွက်ရာတွင် ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းရေးလုပ်ငန်းသည်အရးကြီးသည့် အခန်းကဏ္ဍမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခြဲ အနေဖြင့်  ဓာတုဗေဒနည်းဖြင့် လက်တွေ့ ထိန်းသိမ်းခြင်း ဌာနတွင်း သင်တန်းကို   ပုဂံဌာနခွဲတွင် (၁၁.၁၀.၂၀၂၂) ရက်နေ့မှ (၂၅.၁၀.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်၍ ဌာနခြဲအသီးသီးမွ သင်တန်းသား […]

ပုဂံဒေသ သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း 

07/10/2022 doarnm 0

၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၄) ရက်နေ့တွင် ပုဂံဒေသ၌  လှုပ်ခတ်ခဲ့သည့်  မြေငလျင်ကြောင့်  ရှေးဟောင်းအဆောက်အအုံ (၃၈၉) ဆူ ထိခိုက်ပျက်စီးခဲ့ပါသည်။ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ စေတီပုထိုးများ၊ ရှေးဟောင်း အဆောက် အအုံများအား ပြုပြင်ထိန်းသိမ်းရန်အတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များကလည်း သဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများ၊ နည်းပညာများ […]