သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ရှေးဟောင်းသုတေသန၊ ပြတိုက်နှင့် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲသို့ တက်ရောက် ရန်ကုန် ၊ မတ် ၉

09/03/2022 doarnm 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသားပြတိုက် (ရန်ကုန်)တို့ပူးပေါင်း၍ “ရှေးဟောင်းသုတေသန၊ပြတိုက် နှင့်ထိန်းသိမ်းရေးဆိုင်ရာစာတမ်းဖတ်ပွဲ ” ကို အမျိုးသားပြတိုက် (ရန်ကုန်)၊ ဘက်စုံခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ပါမောက္ခချုပ်၊ သဘာပတိများဖြစ်သောဒေါက်တာတိုးလှ (ဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာသမိုင်းအဖွဲ့)၊ ဒေါက်တာသိန်းလွင် […]

No Image

ဌာနတွင်း ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲပြုလုပ်

16/02/2022 doarnm 0

ဝန်ထမ်းများ ကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်အသုံးပြုနိုင်ရေးနှင့် လုပ်ငန်းများ အစဉ်ပြေချောမွေ့စေ‌ရေး ရည်ရွယ်ချက် ဖြင့် ဌာနတွင်း ကွန်ပျူတာ အခြေခံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်း သုတေသနပြတိုက်တွင် (၁၅.၂.၂၀၂၂) ရက်နေ့ နေ့လည်(၀၁:၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး၊ […]

No Image

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ သုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ(၂/၂၀၂၂)ကျင်းပပြုလုပ်

15/02/2022 doarnm 0

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ သုတေသန ဆိုင်ရာအထောက်အထားများလေ့လာဖော်ထုတ်ရေး၊ ဌာနဝန်ထမ်းများ၏သုတေသန စွမ်းရည်တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ သုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်း(၉း၀၀)နာရီအချိန်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ အစည်းအဝေးခန်းမငယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲသို့ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး […]

ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ (၁/၂၀၂၂)ကျင်းပခြင်း

01/02/2022 doarnm 0

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ ကျင်းပပေးလျက်ရှိရာ (၃၁.၁.၂၀၂၂)ရက်နေ့တွင် ပုဂံဌာနခွဲ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ (၁/၂၀၂၂)ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမျိုးညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးမျိုးညွန့်အောင်တို့က သဘာပတိအဖြစ်ဆောင်ရွက်ပေးခဲ့ကြပါသည်။ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဒေါ်လင်းလင်းအိ (ဒု-ဦးစီးမှူး)က “ခေမင်္ဂဘုရား(၅)ဆူထိန်းသိမ်း […]

ပထမအကြိမ် ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ပြီးစီး

29/01/2022 doarnm 0

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲတွင် ပထမအကြိမ် ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲကို (၂၈.၁.၂၀၂၂) ရက်နေ့၊ ပယ်ပုံတော်ဝင်း ခန်းမ၌ ကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဒေါ်မာမာအေး(ဦးစီးအရာရှိ)က “ရွှေကြက်ကျ ဘုရား လှေဦးတိုက်ပွဲတော် လေ့လာ ခြင်းစာတမ်း”ကိုလည်းကောင်း၊ ဦးဇော်ဝင်း (စာရင်းကိုင်-၁)က မြန်မာ့အငြိမ့်ဖျော်ဖြေတင်ဆက်မှု ဆိုင်ရာလေ့လာခြင်းစာတမ်း”ကိုလည်းကောင်း၊ ဒေါ်တင်သန္တာလွင် (ဒု-ဦးစီးမှူး)က “အမရပူရ […]

No Image

ရှေးဟောင်းပစ္စည်းခေတ်ခွဲခြားနည်းသင်တန်း အဆင့်(၁)သင်တန်း ပို့ချလျက်ရှိ

26/01/2022 doarnm 0

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ရှေးဟောင်းပစ္စည်းခေတ်ခွဲခြားနည်း သင်တန်း အဆင့်(၁)ကို (၁၇.၁.၂၀၂၂)ရက်နေ့မှစ၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆရာဦးစိန်ဝင်းတို့က Video Conferencing စနစ်ဖြင့် အလှည့်ကျ သင်ကြားပို့ချပေးလျက်ရှိ ပါသည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးဆွေးနွေး

25/01/2022 doarnm 0

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအားကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြနယ် […]

No Image

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အတွင်းရှိ ရှေးဟောင်း ဘုရားများအား ရင်ပြင်တော်နှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အပေါ်ပိုင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ရောင်တော် ဖွင့်ခြင်းများ ဆောင်ရွက်လျက်ရှိ

14/01/2022 doarnm 0

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားများအား အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိရာ (၁၂.၁.၂၀၂၂)ရက်နေ့မှ (၁၄.၁.၂၀၂၂)ရက်နေ့အတွင်း ဘုရားအမှတ် ၃၉၃၊ ၃၉၄၊ ၃၉၆၊ ၃၉၇တို့အား အပေါ်ပိုင်းသန့်ရှင်ရေးပြုလုပ်ခြင်း၊ ဘုရားအမှတ် ၁၇၀၁၊ ၁၇၀၄၊ ၁၇၀၅ တို့အား ရင်ပြင်တော်မှ ပေ(၂၀)အကွာ ပေါင်းမြက်ခြုံနွယ်များ ရှင်းလင်းခြင်း၊ ဘုရားအမှတ် ၁၇၀၆၊ ၁၇၂၈ […]

No Image

ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချခြင်း

08/01/2022 doarnm 0

ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁) Level (1) စတုတ္ထမြောက်အပတ်ဖြစ်သည့် (၇.၁.၂၀၂၂)ရက်နေ့၌ ဆရာဒေါက်တာမောင်မောင်ဆွေ (ပါမောက္ခ၊ မြန်မာစာဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်)က ရှေးအိန္ဒိယအရေးအသားနှင့် မြန်မာပြည် ကမ္ပည်းစာများ(ပျူ၊ မွန်၊ မြန်မာ၊ သက္တ)ကို သင်ကြားပို့ချခဲ့ပြီး၊ အပတ်စဉ်စာမေးပွဲ (Tutorial) စစ်ဆေးကာ […]