ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)တို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးရန်ကုန်မြို့၊ စက်တင်ဘာလ ၁၀ ရက်

10/09/2022 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် (၁၀)နာရီက ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တွင် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ကို (၁၉၅၀)ပြည့်နှစ်မှစ၍ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပါကြောင်း၊  မြန်မာ့ ပြက္ခဒိန်၏ထူးခြားမှုမှာ နိုင်ငံသားအများစု ကိုးကွယ်ယုံကြည်သက်ဝင်သော ဗုဒ္ဓသာသနာနှင့်  ဆက်စပ်နေခြင်းဖြစ်၍ သာသနာ့ဝန်ထမ်း […]

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့(၂/၂၀၂၂) အစည်းအဝေး ကျင်းပခြင်းနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) နှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပခြင်း ရန်ကုန်  – စက်တင်ဘာလ ၉

09/09/2022 morac35 0

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ ၂/၂၀၂၂ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည် ။ အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌဆရာတော်၊ သာသနာ့ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဌ(၁) အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိ ကဓဇ၊  […]

“International Conference on Cultural Property Protection: The Prevention of the Illicit Trafficking of Cultural Properties: An ASEAN Perspective”

07/09/2022 morac35 0

“ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံတကာညီလာခံ— ယဉ်ကျေးမှုပစ္စည်းများ တရားမဝင် ရောင်းဝယ်မှု တားဆီးရေး– အာဆီယံရှုထောင့်” ညီလာခံသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက် ၇.၉.၂၀၂၂                                                                                                  နေပြည်တော်           ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် […]

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး/ရန်ကုန်)၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

05/09/2022 morac35 0

၁။      ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး/ရန်ကုန်) ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများလျှောက်ထားနိုင်သည် –           (က)    တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။ (ခ)     သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်။ (ဂ)     အနုပညာဝါသနာပါသူဖြစ်ရမည်။ (ဃ)    တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည် […]

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရမည့်အဆင့်များ

05/09/2022 morac35 0

ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရမည့်အဆင့်များ ၁။      ၂၀၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောက်ဖော်ပြပါအဆင့်များဖြင့် ယှဉ်ပြိုင်ရန်ဖြစ်ပါသည် –           (က)    ဝါသနာရှင်(ပထမတန်း)အဆင့်           (ခ)     ဝါသနာရှင်(ဒုတိယတန်း)အဆင့်           (ဂ)     အဆင့်မြင့်ပညာအဆင့်           (ဃ)    အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ […]

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဘာသာရပ်အလိုက် ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့် တေးသီချင်းများ

05/09/2022 morac35 0

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအဆိုပြိုင်ပွဲ”မဟာဂီတ”ဘာသာရပ်အတွက် ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့် တေးသီချင်းများ ၁။      ဝါသနာရှင် (ပထမတန်း) အဆင့် (အမျိုးသား၊ အမျိုးသမီး)           (က)    တောင်ယံတောကြီး                                          (မွန်)           (ခ)     ရဝိန်ဒေါင်းယာဉ်ပျံ                                            (ပတ်ပျိုး)           […]

အမျိုးသားပြတိုက်(နေပြည်တော်)တွင် ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်းများ တိုးချဲ့ဖွင့်လှစ်သည့်အခမ်းအနားကျင်းပ နေပြည်တော် ဩဂုတ်လ ၃၁ ရက

31/08/2022 morac35 0

အမျိုးသားပြတိုက်(နေပြည်တော်)၌ ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း(၂)ခန်း ထပ်မံတိုးချဲ့ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက် (၀၉:၃၀)နာရီချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး(သာသနာရေး)ဦးအေးထွန်း၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ ၊ […]

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပြည်ထောင်စုဝန်ကြီးများ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်မှုကြည့်ရှုစစ်ဆေးနေပြည်တော် ဩဂုတ်လ ၂၉ ရက်

29/08/2022 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမျိုးသားလွှတ်တော် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ မီးဘေးလုံခြုံရေးဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း တက်ရောက်နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်

29/08/2022 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ မီးဘေးလုံခြုံရေးဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ယနေ့ (၁၃၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သာသနာရေးနှင့် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံ ရန်ကုန် ဩဂုတ် ၂၆

29/08/2022 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်တွင် အမျိုးသားပြတိုက် (ရန်ကုန်)သို့ရောက်ရှိပြီး ဘက်စုံခန်းမ၌ အမျိုးသားပြတိုက် (ရန်ကုန်)မှ ဝန်ထမ်းများအား တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြတိုက်၏လုပ်ငန်း အဆင့်မြှင့်တင်ရန်နှင့် ပြတိုက်တွင် တာဝန် ထမ်းဆောင်နေသော […]