No Image

ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အဆိုပြုစာတွဲနှင့်ပတ်သက်၍ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်လာ၆.၁၁.၂၀၂၄

06/11/2024 morac35 0

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ ၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံသို့ မြန်မာနိုင်ငံမှ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ တရားဝင်ဆုံးဖြတ်မည်ဖြစ်ပါသည်။တင်ပြထားကြသည့် အဆိုပြုစာတွဲများအနက် ယူနက်စကို၏ ပဏာမအဆုံးအဖြတ်၌ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မည့် အဆိုပြုစာတွဲများထဲတွင် […]

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၉၁ ကန်အား ပြန်လည် တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း နေပြည်တော် ၊ ဇူလိုင်လ ၂၈

28/07/2024 morac35 0

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၉၁ ကန်အား ပြန်လည် တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရေကန် (၂၂)ကန် ပြန်လည်တူးဖော် ထိန်းသိမ်းပြီး ဖြစ်ပါသည်။ ရေကန် (၇) ကန်ကို ပြန်လည်တူးဖော် ထိန်းသိမ်းရေး ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ ကျန်ရှိနေသော ရေကန်များကိုလည်း ဆက်လက်၍ တူးဖော်ထိန်းသိမ်း ကန်ဆယ် မည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူပြည်သူများအနေဖြင့် […]

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခြင်း ၂၀၂၄ ခုနှစ် ဇွန်လ ၁၇

14/06/2024 morac35 0

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ၁၇-၆-၂၀၂၄ ရက်နေ့မှ ၁၈-၇-၂၀၂၄ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန

No Image

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်ဝင်ကြေးနှင့် ဇုန်ဝင်ကြေးသတ်မှတ်ချက်များ

19/02/2024 doarnm 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနရှိ ယဉ်ကျေးမှုအမွေအနှစ်ဇုန်များသို့ လာရောက်လေ့လာသည့် ပြည်ပဧည့်သည်များထံမှ ဇုန်ဝင်ကြေးငွေများကို အောက်ပါနှုန်းထားများအတိုင်း ကောက်ခံလျက်ရှိပါသည်- ၂။  အမျိုးသားပြတိုက်များ၊ အထိမ်းအမှတ်ပြတိုက်များ၊ ရှေးဟောင်းသုတေသနပြတိုက်များ၊ ဗုဒ္ဓပြတိုက်များနှင့် ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်များသို့ လာရောက်လေ့လာသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များထံမှ ပြတိုက်ဝင်ကြေးငွေများကို အောက်ပါနှုန်းထားများအတိုင်းကောက်ခံလျက်ရှိပြီး မန္တလေးယဉ်ကျေးမှုဇုန်၊ သရေခေတ္တရာယဉ်ကျေးမှုဇုန်၊ ဗိဿနိုးယဉ်ကျေးမှုဇုန်နှင့် ရွှေဘို-ဟန်လင်း ယဉ်ကျေးမှုဇုန်အတွင်းသို့ […]

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၄၆ ကန်အား ပြန်လည်တူးဖော် ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း

08/02/2024 morac35 0

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန်(၄၆)ကန်အား ပြန်လည် တူးဖော် ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများ အနေဖြင့် တတ်စွမ်းသမျှ လှူဒါန်းလိုသည်ဖြစ်စေ၊ ရေကန်တစ်ကန်ချင်း လှူဒါန်းလိုသည်ဖြစ်စေ အလှူငွေများကို လက်ခံသွားမည်ဖြစ်ပြီး  ပါဝင်လှူဒါန်း လိုပါက ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာဌာနခွဲ)၊  နေပြည်တော် (ဖုန်း၊ ၀၆၇-၃၄၀၈၄၁၈) ၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား […]