ဘွဲ့ကြိုရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း

18/08/2023 morac35 0

၁။            (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)တွင် ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်းသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်-                 (က)   တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။ […]

No Image

ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း၊ သင်တန်းသားများခေါ်ယူခြင်း

18/08/2023 morac35 0

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမှတ်(၃၅)၊ နေပြည်တော် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း ၁။            ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)တွင် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း(၂၀၂၃-၂၀၂၄)ပညာသင်နှစ်ကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်- […]

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့၌ (၁၉.၇.၂၀၂၂)ရက်နေ့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲကျင်းပပြုလုပ်မည်

14/07/2022 morac35 0

(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်)တို့၌ (၁၉.၇.၂၀၂၂)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှ ညနေ(၀၄:၀၀)နာရီအထိ အထူးပြပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင်လည်း ပုံမှန်အတိုင်း ဝင်ရောက် လေ့လာနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲသို့ သွားရောက်လေ့လာလိုသူများOnline မှ တစ်ဆင့် ကြိုတင် စာရင်းသွင်းနိုင်

06/07/2022 morac35 0

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲသို့ သွားရောက်လေ့လာလိုသူများ အနေဖြင့် https://register.generalaungsanmuseum.com/ သို့ဝင်ရောက်၍ Online မှ တစ်ဆင့် ကြိုတင် စာရင်းသွင်းနိုင်ပြီဖြစ်ပြီး Online Registration မှ […]

ရှေးဟောင်းဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်ထုတ်ပေးခြင်း

23/06/2022 morac35 0

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန အနေဖြင့် ခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်များ၊  ရုပ်တုဆင်းတုများ၊ မြန်မာမှုအနုလက်ရာ ပစ္စည်းများအား ပြည်တွင်း ပြည်ပသို့ သယ်ဆောင်လိုသူများအတွက် ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက်ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ လျှောက်ထားလိုသူများ အနေဖြင့် ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် မန္တလေးဌာနခွဲတို့တွင် လျှောက်ထားနိုင်ပြီး ဌာနခွဲများမှ နေ့ချင်းပြီး […]

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား အထူးပြပွဲခင်းကျင်း ပြသရန်အတွက်

22/06/2022 morac35 0

ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ခေတ္တပိတ်ထားမည် နေပြည်တော် ၂၂.၆.၂၀၂၂ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲ ခင်းကျင်းပြသရန် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို (၂၅.၆.၂၀၂၂) ရက်နေ့မှ (၁၈.၇.၂၀၂၂) ရက်နေ့ထိ ခေတ္တပိတ်ထားမည် ဖြစ်ပါကြောင်းနှင့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) […]