ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ အပိုင်း(၂)

29/10/2021 dfanpt 0

တင်လတ်ယု (ယဉ်ကျေးမှု) ပုဂံခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ ပုဂံခေတ်ကို အေဒီ ၁၀ ရာစုမှ အေဒီ ၁၃ ရာစုအထိ သတ်မှတ်ထားပါသည်။ ပုဂံခေတ် အထောက်အထားများကို ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ ချောက်၊ စလေ၊ စလယ် စသည့် ဒေသများရှိ ဘုရား၊ […]

လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲမှ ထုတ်ဝေပြီးသောစာအုပ်များဝယ်ယူနိုင်ကြောင်းအသိပေးခြင်း

29/10/2021 dfanpt 0

လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲအနေဖြင့် လုပ်ငန်းတာဝန်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းတာဝန်များအနက်မှ မြန်မာသီချင်းကြီးများကို မူမှန်ပြုလုပ်ခြင်း၊ သီချင်းကြီးစာသားများကို ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သော ကျေးလက် တေးသီချင်းများ စုဆောင်းမှတ်တမ်းတင်ခြင်း၊ ကွင်းဆင်းသုတေသနပြု မှတ်တမ်းများပြုစု၍ ပုံနှိပ်ထုတ်ဝေခြင်း စသည်တို့ကိုဆောင်ရွက်လျက်ရှိပါသည်။ ထုတ်ဝေထားသော အနုသုခုမဆိုင်ရာ စာအုပ်များကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲတွင် လွတ်လပ်စွာဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဝယ်ယူရရှိနိုင်မည့်စာအုပ်များမှာ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ဖျော်ဖြေတင်ဆက်မည့် ရွှေမြန်မာအငြိမ့်အစီအစဉ်ကို၁၆.၁၀.၂၀၂၁ ရက်နေ့ည ၀၉၀၀နာရီအချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားမည်

14/10/2021 dfanpt 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ရွှေမြန်မာအငြိမ့်ကို ရှေ့ထွက် မင်းသမီးမာလာမြင့်အောင်၊ ခေါင်းဆောင်မင်းသမီး ဇာနည်အောင်၊ လူရွှင်တော်များဖြစ်ကြသော အာဗြဲ၊ ရောင်နီ၊ ဝမ်းတူး၊ လမုန့်တို့က ရွာစားကျော်နိုင်လင်းဗိုလ်နှင့်အတူ ၁၆.၁၀.၂၀၂၁ ရက်နေ့ည ၀၉၀၀နာရီအချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ https://www.youtube.com/watch?v=gdBRMCPdeyI&t=16s

အနုပညာဦးစီးဌာန၊ ဇာတ်ရုံဌာနခွဲအောက်ရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)အား ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိခြင်း

30/09/2021 dfanpt 0

အနုပညာဦးစီးဌာန၊ ဇာတ်ရုံဌာနခွဲအောက်ရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)အား   တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကူအညီဖြင့်  Beijing Construction Engineering Group Co., Ltd  က ၁၀.၈.၂၀၁၉ ရက်နေ့မှ စတင်၍ အကြီးစားပြုပြင်မွမ်းမံလျက်ရှိရာ အသံစနစ်များနှင့် ဇာတ်စင်သုံး မီးစနစ်များကို အဆင့်မြှင့်တင်ခြင်း၊ AirCon စနစ်၊ အလိုအလျောက် မီးငြိမ်းသတ်စနစ်၊ […]

ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ အပိုင်း(၁)

29/09/2021 dfanpt 0

“ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး” ဟူ၍ မြန်မာဆိုရိုးစကား တစ်ရပ် ရှိရာ မြန်မာအမျိုးသမီးများသည် ဆံကေသာကို ဆံထုံးထုံးဖွဲ့ထားပါမှ ကျက်သရေရှိသည်၊ ဘုန်းရှိ သည်ဟု အစဉ်အဆက် ဓလေ့ထုံးစံတစ်ရပ်အနေဖြင့် အစဉ်အဆက် ယူမှတ်လာခဲ့ကြပါသည်။ ထို့ကြောင့်လည်း ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့သည် ဘုန်းကျက်သရေနှင့် ပြည့်စုံသော ဆံကေသာအား အရှည်ထားခြင်း၊ […]

အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲရှိ အနုပညာရှင်ဝန်ထမ်းများက ရွှေမြန်မာအငြိမ့်ဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း

29/09/2021 dfanpt 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအနက်   ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသောအားဖြင့် ဇာတ်တော်ကြီးများကို ဖော်ထုတ်တင်ဆက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နယ်လှည့်ဖျော်ဖြေ တင်ဆက်နိုင်ရေး၊ ဆို၊ ငို၊ ပြော စသည့် ရိုးရာသဘင်ပညာရပ်များနှင့် တီးခတ်မှုပညာရပ်၊ စွမ်းရည်များ တိုးမြှင့်ရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ […]

အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် နေပြည်တော်ရှိ လူပျို၊ အပျိုဆောင် နှင့် ဝန်ထမ်းလိုင်းခန်းများကြည့်ရှု့စစ်ဆေး

29/09/2021 dfanpt 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင် သောအဖွဲ့သည် အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် နေပြည်တော်ရှိ လူပျို၊ အပျိုဆောင် နှင့် ဝန်ထမ်းလိုင်းခန်း ပတ်ဝန်းကျင် သန့်ရှင်းလှပစေရေးအတွက် ချုံနွယ်မြက်ပင်များ ရှင်းလင်း ထားရှိမှုများကို ၂၆.၉.၂၀၂၁ရက်နေ့၊ နံနက် ၁၀၀၀နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲလက်အောက်ရှိ အနုပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်မည်

03/05/2021 dfanpt 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနအနေဖြင့် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးစရိုက်လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များ၊ ပန်းချီပန်းပု ပညာရပ်များနှင့် တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများအား ထိန်းသိမ်းဖော်ထုတ်မြှင့်တင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် အနုပညာမျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင် […]