အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အမှတ်(၆၀၄၊၆၀၈)၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) Website www.nlm.gov.mm မှ စာကြည့်တိုက်ပိုင် e-Resources များကို Online အသုံးပြုရှာဖွေခြင်းဝန်ဆောင်မှုကို ၃-၄-၂၀၂၀ ရက်နေ့မှ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကြေညာခြင်း

03/04/2020 admin dhrnl 0

အများပြည်သူအနေဖြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm တွင် ဝင်ရောက်၍ စာကြည့်တိုက်ပိုင် e-Resources များကို ၃-၄-၂၀၂၀ ရက်နေ့မှစတင်၍ Online မှ ရှာဖွေ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ စုဆောင်းထားသော စာပေပစ္စည်းများ ၏ စာရင်းအချက်အလက်များကို အမျိုးသားစာကြည့်တိုက် Website Homepage […]

( ၂၂-၁ဝ-၂ဝ၁၉ ) ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် တင်ဒါကြော်ငြာခေါ်ယူခြင်းနှင့်ပတ်သက်၍ အများသိစေရန် ကြေညာခြင်း

29/01/2020 admin dhrnl 0

၁။          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ရှိ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)နှင့်(ရန်ကုန်)ကိုe-libraryချိတ်ဆက်ခြင်းနှင့်ဝန်ဆောင်မှုအဆင့်မြှင့်တင်ခြင်းလုပ်ငန်း အတွက်(၂၂-၁ဝ-၂ဝ၁၉)ရက်နေ့ထုတ် ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာများတွင် တင်ဒါကြော်ငြာ ခေါ်ယူခြင်းနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ အရည်အချင်းပြည့်မီပြီး ဈေးနှုန်းအနည်းဆုံးတင်သွင်း သည့် Lantro(Myanmar) Co.,Ltd အား တင်ဒါတန်ဖိုးကျပ် ၆၅၆,၈၁၂,ဝဝဝ/- (ကျပ်ခြောက်ထောင် ငါးရာခြောက်ဆယ့်ရှစ်သိန်း […]

“စာဖတ်ပြပါ၊အာဆီယံ-ကိုရီးယားစာအတူဖတ်စို့လား” လှုပ်ရှားမှုတွင်ပါဝင်ရန်ဖိတ်ခေါ်ခြင်း

09/01/2020 dhrnl2 0

နေပြည်တော် ဇန် ၉ အာဆီယံ-ကိုရီးယား၏ ‘အတူတူစာဖတ်ကြစို့’ ပူးတွဲစီမံကိန်းအရ “စာဖတ်ပြပါ၊အာဆီယံ-ကိုရီးယားစာအတူဖတ်စို့လား” လှုပ်ရှားမှုကို၂၀၂၀ပြည့်နှစ်ဇန်နဝါရီလ၁၅ရက်နေ့ကနေဧပြီလ၂၃အထိ #Hashtag Challenge စိန်ခေါ်မှုအဖြစ်မြန်မာတနိုင်ငံလုံးကစာကြည့်တိုက်တွေမှာပြုလုပ်သွားကြပါမည်။ယခုလှုပ်ရှားမှုတွင်အသံထွက်၍စာဖတ်ပြခြင်းအစီအစဉ်ကိုပြုလုပ်သွားပါမည်။အသံထွက်၍ စာဖတ်ပြခြင်းအစီအစဉ်အတွက်ကိုရီးယားနိုင်ငံကလေးလူငယ် အမျိုးသားစာကြည့်တိုက်၏လက်စွဲလမ်းညွှန်ကိုအကောင်အထည်ဖော်ဆောင်ရွက်မည့်သင်တန်းပို့ချမှုနှင့် လက်တွေ့ဆောင်ရွက်မှုကိုအမျိုးသားစာကြည့်တိုက်(နေပြည်တော်)ကဦးဆောင်ပြီးနေပြည်တော်၊ ရန်ကုန်နဲ့ပြည်နယ်/ တိုင်းဒေသကြီးများရှိမြို့များတွင်ရှေးဟောင်းသုတေသနဌာနခွဲများနှင့်ပူးပေါင်းပြုလုပ်သွားပါမည်။ ၂၀၂၀ဇန်နဝါရီလတတိယပတ် /နောက်ဆုံးပတ်တွင်မန္တလေး၊စစ်ကိုင်းနှင့်ပုဂံမြို့များတွင်၃ရက်ကြာသင်တန်းများကိုဖွင့်လှစ်သွားပါမည်။ဖေဖော်ဝါရီလအတွင်းတွင်ဘားအံ၊မော်လမြိုင်/သိမ်ဇရပ်၊ထားဝယ်၊ပုသိမ်၊မကွေးမြို့များတွင်သင်တန်းများဖွင့်လှစ်သွားပါမည်။မတ်လအတွင်းတွင်လွိုင်ကော်၊တောင်ကြီး၊ကျိုင်းတုံ၊ဟားခါးမြို့များတွင်သင်တန်းများဖွင့်လှစ်သွားပါမည်။သင်တန်းကာလက၃ရက်ဖြစ်ပြီးသင်တန်းသား၃၀ဦးစီခေါ်ယူပါမည်။ဌာနဘတ်ဂျတ် ကန့်သတ်ချက်ကြောင့်သင်တန်းတက်ရောက်ရာတွင်တည်းခိုစားသောက်စရိတ်၊ခရီးစရိတ်စသည့်ကုန်ကျစရိတ်များကိုသင်တန်းသားကမိမိအစီအစဉ်ဖြင့်ကျခံကြရပါမည်။(ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ပါကသက်ဆိုင်ရာဌာနများ၏ ကျခံမှုဖြင့် တက်ရောက်နိုင်ပါသည်) သင်တန်းတက်ရောက်ပြီးသူများသည်အသံထွက်၍ စာဖတ်ပြခြင်းလှုပ်ရှားမှုများကိုမိမိတို့ဒေသများတွင်တတ်နိုင်သမျှအကြိမ်များများပြုလုပ်ပြီးအမျိုးသားစာကြည့်တိုက်၏ Facebook page တွင်လှုပ်ရှားမှုဓာတ်ပုံများနှင့်ဗီဒီယိုဖိုင်များကိုပေးပို့ကြရပါမည်။လှုပ်ရှားဆောင်ရွက်ရမည့်နည်းလမ်းများ၊ပေးပို့ရမည့် နည်းလမ်းများကိုသင်တန်းတွင်ပြောပြသွားပါမည်။ […]