ကြေညာကဏ္ဍ
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၉၁ ကန်အား ပြန်လည် တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း နေပြည်တော် ၊ ဇူလိုင်လ ၂၈
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၉၁ ကန်အား ပြန်လည် တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရေကန် (၂၂)ကန် ပြန်လည်တူးဖော် ထိန်းသိမ်းပြီး ဖြစ်ပါသည်။ ရေကန် (၇) ကန်ကို ပြန်လည်တူးဖော် ထိန်းသိမ်းရေး ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ ကျန်ရှိနေသော ရေကန်များကိုလည်း ဆက်လက်၍ တူးဖော်ထိန်းသိမ်း ကန်ဆယ် မည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူပြည်သူများအနေဖြင့် […]
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခြင်း ၂၀၂၄ ခုနှစ် ဇွန်လ ၁၇
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ၁၇-၆-၂၀၂၄ ရက်နေ့မှ ၁၈-၇-၂၀၂၄ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၃၅)၊ နေပြည်တော် အငယ်တန်းစာရေး ရာထူးနေရာအတွက် လျှောက်လွှာခေါ်ယူခြင်း၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၃ ) ရက်
၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)တွင် လစ်လပ်လျက် ရှိသော (လစာနှုန်း၊ ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) အငယ်တန်းစာရေး ရာထူး(၂)နေရာအတွက် အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် – စဉ် ခန့်ထားမည့်ရာထူး ပညာအရည်အချင်း ခန့်ထားမည့်အရေအတွက် (က) အငယ်တန်းစာရေး တက္ကသိုလ်ဝင်တန်း (၂)နေရာ အောင်မြင်ပြီးသူ […]
မူမှန်ပြက္ခဒိန်ရောင်းချခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်များ က ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၆-၁၃၈၇ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှစတင်၍ တစ်စောင်လျှင် ၁၀၀၀ဝိ/- (ကျပ်တစ်သောင်းတိတိ)ဖြင့် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန(နေပြည်တော်)တွင် ရောင်းချသွားမည်ဖြစ်ပါသည်။ […]