ရှေးဟောင်းဝတ္ထုပစ္စည်းများအပ်နှံခြင်းနှင့် လှူဒါန်းခြင်းတို့အတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်

28/02/2020 doarnm 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့စေရေး ထိန်းသိမ်းခြင်း၊ ရှာဖွေဖော်ထုတ်ခြင်းစသည့် လုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများကိုလည်း တူးဖော်သုတေသနပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှ တွေ့ရှိထိန်းသိမ်းခြင်း၊ လာရောက်လှူဒါန်းမှုများမှ စုဆောင်းထိန်းသိမ်းကာ အမျိုးသားပြတိုက်များ၊ ရှေးဟောင်းသုတေသနပြတိုက်များတွင် ထိန်းသိမ်းပြသခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ […]

မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် အလေးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ

28/02/2020 doarnm 0

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူအဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) မျိုးနွယ်စု တစ်စုစု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးတို့က မျိုးဆက်တစ်ခုမှ တစ်ခု လက်ဆင့်ကမ်းလာခဲ့ကြပြီး ယင်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ရိုးရာဓလေ့ထုံးစံ၊ အလေ့အထများ၊ ဖော်ပြချက်များ၊ အသိပညာများ၊ စွမ်းရည်များ တို့ကို ဆိုသည်။               UNESCO ၏ ၂၀၀၃ ကွန်ဗန်းရှင်းအရ […]

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး တက်ရောက်အမှာစကားပြောကြား

21/02/2020 adminculture35 0

မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး […]

ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း

20/02/2020 doarnm 0

၁။           ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင် ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ […]

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းဘုရားပုထိုးများပေါ်သို့ တက်ရောက်ခြင်း မပြုရန်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်‌ပေးကြပါရန် မေတ္တာရပ်ခံနှိုးဆော်ခြင်း

18/02/2020 doarnm 0

ပုဂံယဉ်ကျေးမှုအမွေအေနှစ်ဒေသ၌ (၂၁.၂.၂၀၁၆)ရက်နေ့တွင်အမေရိကန် နိုင်ငံသား(၁)ဦး ရွှေဂူကြီးဘုရား ကွမ်းတောင်အထက်ပိုင်းသို့ တက်ရောက်ရာမှ ပစ္စယာပေါ်သို့ပြုတ်ကျ၍ ဦးခေါင်းပိုင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၁၅.၇.၂၀၁၇)ရက်နေ့ တွင် ဂျာမနီနိုင်ငံသူ(၁)ဦး မင်းနန်သူတောင်ဘက် ဘုရားအမှတ် (၅၇၁)မှ ပြုတ်ကျခဲ့ရာ ညာဘက်နံရိုးနှစ်ချောင်းကျိုး၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၇.၁၁.၂၀၁၇) ရက်နေ့တွင် အမေရိကန် နိုင်ငံသူ(၁)ဦး ဝတ္တနတော ဘုရားစု ဘုရားအမှတ်(၃၅၂)တွင် […]

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ကြီးကြီးကျေးရွာ၊ မိုင်တိုင် ၃၃၀ အနီးတွင် (ကြေးခေတ်၊ သံခေတ်) သုတေသနပြု ဆောင်ရွက်ပြီးစီး

17/02/2020 doarnm 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ တူးဖော်၊ ရှေးပစ္စည်း၊ ကမ္ပည်းကျောက်စာဌာနစုမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှရွှေ ခေါင်းဆောင်သော တူးဖော်မှုအဖွဲ့သည် မန္တလေးတိုင််းဒေသကြီး မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ကြီးကြီးကျေးရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာ စားကျက်မြေ၊ ဧရိယာ(၂၀)ဧကရှိ မြေကွက်ပေါ်တွင်  ကြေးခေတ်/သံခေတ် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

14/02/2020 adminculture35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအား ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရုံးအမှတ် ၃၅၊ နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ် ခဲ့ပါသည်။အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ရှေးဟောင်းဓနုဖြူ ခံတပ်အုတ်ရိုးအားကြည့်ရှုစစ်ဆေး

10/02/2020 doarnm 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ၈-၂-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင်တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့ရှိ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလဦးဆောင်၍ အင်္ဂလိပ် တို့အား ခုခံတိုက်ခိုက်ခဲ့သည့် ရှေးဟောင်းဓနုဖြူခံတပ်၏ ကျန်ရှိနေသေး သော အုတ်ရိုး အစိတ်အပိုင်းများကို […]

ကမ္ဘာ့အမွေအနှစ်ဒေသ SiteManagerများ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

10/02/2020 doarnm 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ကမ္ဘာ့အမွေအနှစ်ဒေသများ ရေရှည်တည်တံ့ စေရေး ကမ္ဘာ့အမွေအနှစ် Site Manger များ အလုပ်ရုံဆွေးနွေးပွဲကို ပြည်မြို့ ၊ သရေခေတ္တရာကမ္ဘာ့ အမွေအနှစ်ဌာနခွဲ အစည်းအဝေးခန်းမ၌ ၈-၂-၂၀၂၀ ရက်နေ့တွင် ပြုလုပ် ခဲ့သည် […]