သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှု စစ်ဆေး ၁၃-၈-၂၀၂၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက် (၀၉:၃၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ရှင်းလင်းဆောင်၌ အမျိုးသား စာကြည့်တိုက် (နေပြည်တော်)၏ သမိုင်းကြောင်းနှင့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သမိုင်းသုတေသန နှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က Power Point ဖြင့် ပြည်ထောင်စုဝန်ကြီးအား […]