မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုများရရှိခြင်း
*****************************
မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများရရှိခဲ့ကြပါသည်။
(က) မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ
– ဒေါ်အေးအေးဟန်၊ ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (အထူးဆု)
– ဦးသက်ဦး၊ လက်ထောက်ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (အထူးဆု)
(ခ) မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရုပ်မြင်သံကြားပဟေဠိပြိုင်ပွဲ
– မောင်ထိန်လင်းဦး၊ စ/ရပ(ဇာတ်ညွှန်း)- ၁ (ပထမဆု)
– မငွေစင်သွန်း၊ စ/ရပ(ဇာတ်ညွှန်း)- ၃ (ပထမဆု)
– မရွှေရည်ဖူးသွယ်၊ စ/ရပ(ဇာတ်ညွှန်း)- ၂ (ပထမဆု)
– မောင်ကျော်ညွန့်ကို၊ တ/ရပ(သရုပ်ဆောင်)- ၁ (ဒုတိယဆု)
– မနှင်းလဲ့ခိုင်၊ တ/ရပ(ဇာတ်ညွှန်း)- ၄ (ဒုတိယဆု)
– မောင်ကျော်စည်သူ၊ စ/ရပ(ကင်မရာ)- ၉ (တတိယဆု)
– မဖြိုးအိစံ၊ တ/ရပ(တည်းဖြတ်)- ၈ (တတိယဆု)
(ဂ) ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဝတ္ထုတိုပြိုင်ပွဲ
– ဒေါ်အေးအေးဟန်၊ ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (အထူးဆု)
(ဃ) ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ
– ဦးသက်ဦး၊ လက်ထောက်ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (ဒုတိယဆု)
(င) ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ကဗျာပြိုင်ပွဲ (ဘွဲ့လွန်)
– မောင်နိုင်လင်း၊ ၂-မဟာ/သဘ-၁၁(နည်းပြ-သဘင်) (ဒုတိယဆု)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)
စုပေါင်း ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနား
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်း ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ၅-၄-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် တက္ကသိုလ်ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိပါမောက္ခချုပ်(စီမံ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်ရုံးခွဲများမှ ဝန်ထမ်းများနှင့် […]
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏ (၇၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း
၂၂-၃-၂၀၂၄ ရက်နေ့တွင် ကျရောက်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ (၇၂) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၂-၃-၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်အပေါ်ထပ်ရှိ ယဉ်ကျေးမှု ခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ဆရာမများ၊ […]
(၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပခြင်း
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ၂၂-၃-၂၀၂၄ ရက်နေ့တွင် ကျရောက် သော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာတမ်းဖတ်ပွဲကို ၆-၃-၂၀၂၄ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီ၌ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ အောက်ဖော်ပြပါ ပါမောက္ခများ၊ ဌာနမှူးများက ဘာသာရပ်ဆိုင်ရာစာတမ်း(၉)စောင်ကို အသီးသီးဖတ်ကြားတင်ပြကြပြီး စာတမ်းဖတ်ပွဲ တက်ရောက်လာကြသူများ၏ […]
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၏ “တေးဂီတဖျော်ဖြေပွဲ”တွင် ပူးပေါင်းဖျော်ဖြေ တင်ဆက်ခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) တွင် သင်တန်းတက်ရောက်နေကြသော သင်တန်းသား၊ သင်တန်းသူများ၊ တက္ကသိုလ်ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဖျော်ဖြေသည့် “တေးဂီတဖျော်ဖြေပွဲ” ကို ၂-၃-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ မြန်မာ့အသံ တေးဂီတအဖွဲ့နှင့်အတူတေးသံရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ […]
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် သရုပ်ဖော်ရေဆေးပန်းချီပြိုင်ပွဲကျင်းပခြင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီး ကော်မတီက ၈-၃-၂၀၂၄ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် သရုပ်ဖော်ရေဆေးပန်းချီပြိုင်ပွဲကို “အရှိန်အဟုန်ဖြင့် တိုးတက်ရေး၊ အမျိုးသမီးများတွင် မြှုပ်နှံပေး” ခေါင်းစဉ်ဖြင့် ၂၉-၂-၂၀၂၄ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင် […]
၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်(ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနား
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် (ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသနစာတမ်းဖတ်ပွဲ အမှတ်စဉ်(၃) ကို ၂၈-၂-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ ကံ့ကော်ဆောင်၊ ပို့ချခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ […]
မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄)
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ဖေဖော်ဝါရီလ (၂၂) ရက် နံနက် (၁၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ ဥက္ကဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ Online မှ တက်ရောက်ကြသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန […]
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပထမအကြိမ် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ၁၆-၂-၂၀၂၄ ရက်နေ့ ညနေ ၂:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဂီတပညာဌာနနှင့် သဘင်ပညာဌာန ကိုယ်စားပြု ကုမုဒြာအဖွဲ့၊ ပန်းချီပညာဌာနနှင့်ပန်းပုပညာဌာန ကိုယ်စားပြု ကံ့ကော်အဖွဲ့နှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနနှင့်ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန ကိုယ်စားပြု သဇင်အဖွဲ့ စသည့် အဖွဲ့ ၃ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ […]
နိုင်ငံတော်မူမဟာဂီတသီချင်းကြီးများ၏ ဂီတသင်္ကေတများ (စောင်း+ပတ္တလား+စန္ဒရား) အတွဲ(၁)
မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေးကော်မတီ၏ သင်္ကေတစာပြုစုရေးဆပ်ကော်မတီမှ တည်းဖြတ်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ထုတ်ဝေသော “နိုင်ငံတော်မူ မဟာဂီတသီချင်းကြီးများ၏ ဂီတသင်္ကေတများ (စောင်း+ပတ္တလား+စန္ဒရား) အတွဲ(၁)”ကို တစ်အုပ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။