Uncategorized
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရွှေကျင်ရန် တူးဖော်နေခြင်းကို တားမြစ်ဆောင်ရွက်ခဲ့
မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ်၊ မြင်းကပါကျေးရွာ အပိုင် တောင်ဘီကျေးရွာ အနီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဒေသခံအင်အား (၂၀) ဦးခန့်သည် ရှေးဟောင်း ပစ္စည်းဖြစ်သော ပုတီးစေ့ များ တူးဖော်ရှာဖွေနေကြောင်း သတင်းရရှိမှုအရ (၇.၅.၂၀၂၀)ရက်နေ့ တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ/လုံခြုံ)၊ ဦးစီးအရာရှိ(နယ်မြေလုံခြုံရေး)၊ လုံခြုံရေးဌာနစိတ်မှ […]
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအားကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ သတ်မှတ်ချက်များ သိစေလို (မာလာအောင်-ယဉ်ကျေးမှု)
မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များတွင် မျက်စိနှင့်မြင်တွေ့နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များရှိသကဲ့သို့ မျက်စိနှင့်မမြင်တွေ့နိုင်ဘဲ လူသားတို့၏နှလုံးသားထဲတွင် စွဲမြဲ ထင်ကျန်နေသည့် အတတ်ပညာများ၊ ယုံကြည်ကိုးကွယ်မှုများ၊ ရိုးရာဓလေ့များနှင့် ထုံးတမ်း အစဉ်အလာများစသည့် ယဉ်ကျေးမှုအမွေအနှစ်များ ရှိကြပါသည်။ ကမ္ဘာတစ်ဝန်းလုံးက စုစည်း၍ ဖွဲ့စည်းထားသော ယူနက်စကိုအဖွဲ့အစည်း (UNESCO- United Nations Educational, Scientific […]
ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင် ရစ်ချ်စတာ စကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်း အဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံ မှုအရ […]
အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ ဓမ္မပူဇာတေးများဖြင့် သီကျူးပူဇော်ခဲ့ခြင်း
၁၁.၃.၂၀၂၀ရက်(ဗုဒ္ဓဟူးနေ့)တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ပြည့်နှစ်၊ မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှအနုပညာရှင်ဝန်ထမ်းများက ထူးမခြားနားသီချင်းနှင့်အတူ ဓမ္မပူဇာတေးများကို မြန်မာ့ရိုးရာတူရိယာ၊ စောင်း၊ ဆိုင်းဝိုင်းကြီးတို့ဖြင့် တွဲဖက်၍ သီကျူး ပူဇော်ခဲ့ပါသည်။
ပါမောက္ခချုပ်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီးဘောလုံးပြိုင်ပွဲ
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်ဖလားဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၃-၂-၂၀၂၀ ရက်နေ့၊ နေ့လယ် (၂)နာရီ မိနစ်(၃၀)တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဘောလုံးအားကစားကွင်းမှာကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အားကစားအသင်းများက အားကစားကွင်းအတွင်း ဝင်ရောက်နေရာယူကြပြီး ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ဦးတင့်ဇော်ဦး၊ ကထိက(ပန်းပု)က ပြိုင်ပွဲဝင်အသင်းများအား ပြိုင်ပွဲစည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး […]
နည်းပညာမိတ်ဆက်ပွဲ
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် ဟွေယွန်းကုမ္ပဏီတို့ ပူပေါင်းပြုလုပ်သော နည်းပညာမိတ်ဆက်ပွဲကို ၂၈.၂.၂၀၂၀ ရက်နေ့၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ NUAC(Ygn) သရဖီဆောင် တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးမြတ်သူရက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟွေယွန်းကုမ္ပဏီ၏ အရှေ့တောင်အာရှတာဝန်ခံက ထုတ်ကုန်များမိတ်ဆက်ပြသပါသည်။ ဆက်လက်၍ […]
မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် အလေးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူအဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) မျိုးနွယ်စု တစ်စုစု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးတို့က မျိုးဆက်တစ်ခုမှ တစ်ခု လက်ဆင့်ကမ်းလာခဲ့ကြပြီး ယင်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ရိုးရာဓလေ့ထုံးစံ၊ အလေ့အထများ၊ ဖော်ပြချက်များ၊ အသိပညာများ၊ စွမ်းရည်များ တို့ကို ဆိုသည်။ UNESCO ၏ ၂၀၀၃ ကွန်ဗန်းရှင်းအရ […]
“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန်အတွက် စာတမ်းများစိစစ်ရွေးချယ်ခြင်း
နေပြည်တော် ဇန် ၁၇ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် သုတေ သနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သုတေသနစာတမ်း (၈)စောင် ဖတ်ကြားသွားမည်ဖြစ်ပါသည်။ […]