(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပခြင်း

23/02/2023 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများသည် တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ် ချစ်ကြည်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်မြင့်မားစေရန်၊ နိုင်ငံနှင့်လူမျိုးအပေါ်ထားရှိသည့် စေတနာနှင့် စွမ်းဆောင်ရည်များကို သိရှိနားလည်ပြီး အားကျအတုယူနိုင်စေရန်၊ စာကြည့်တိုက် သုံးစွဲမှုအလေ့အကျင့် တိုးတက်လာစေရန်နှင့် စာဖတ်စွမ်းရည် မြင့်မားလာစေရန်၊ မြန်မာစာ မြန်မာစကားကို စနစ်တကျ ကျွမ်းကျင်သုံးစွဲတတ်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီ(၁/၂၀၂၃) အစည်းအဝေးကျင်းပ

17/02/2023 nuacygn 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာ တက္ကသိုလ်များကောင်စီ(၁/၂၀၂၃) အစည်းအဝေးကို ဖေဖော်ဝါရီလ (၁၆)ရက် နံနက်(၁၀)နာရီတွင် အမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားယဉ်‌ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီ ဉက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကိုကို တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ အနုပညာဉီးစီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဉီးစီးဌာန၊ […]

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စာအုပ်ပြပွဲနှင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဉာဏ်စမ်းပြိုင်ပွဲကျင်းပခြင်း

23/01/2023 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၂-၂၀၂၃ပညာသင်နှစ်၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်တွင် စုဆောင်းထိန်းသိမ်းထားသောစာစုများကို ဖတ်ရှုခြင်း ဖြင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော ဗဟုသုတများရရှိစေရန်နှင့် အနာဂတ်ခေါင်းဆောင် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်း ပြုစုပျိုးထောင်နိုင်ရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို ၁၆.၁.၂၀၂၃ ရက်နေ့မှ ၂၀.၁.၂၀၂၃ ရက်နေ့အထိ […]

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၉) ကြိမ်မြောက် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်အခမ်းအနားကျင်းပ

17/01/2023 nuacygn 0

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၉)ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို သရဖီဆောင်၊အနုပညာခန်းမ၌ ၁၆-၁-၂၀၂၃ ရက်နေ့ ၁၀:၀၀ နာရီ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် ဒုတိယပါမောက္ခချုပ်များ၊ စာပေပညာဌာန၊ အနုပညာဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ […]

၂၀၂၃ ခုနှစ်၊ (၇၅) ကြိမ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြို ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း

03/01/2023 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၅) ကြိမ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ စုပေါင်းပါဝင်သော “၂၀၂၃ ခုနှစ်၊ (၇၅) ကြိမ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြို ပျော်ပွဲရွှင်ပွဲများ” ကို […]

(၂၅)ကြိမ်မြောက်ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲအခမ်းအနား

07/12/2022 nuacygn 0

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏  ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်၌ ဘွဲ့ကြိုတန်း စတုတ္ထနှစ် (၂၁)ဦး၊ မဟာဝိဇ္ဇာ(ဒုတိယနှစ်) (၁၇)ဦးနှင့်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ဘွဲ့ကြိုတန်း စတုတ္ထနှစ် (၃၁)ဦး၊ မဟာဝိဇ္ဇာ(ဒုတိယနှစ်) (၂၁)ဦး၊ စုစုပေါင်း (၉၀)ဦးတို့၏ (၂၅)ကြိမ်မြောက်ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲအခမ်းအနားကို ၂.၁၂.၂၀၂၂ ရက် (သောကြာနေ့)၌ […]

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း

26/11/2022 nuacygn 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)က ၂၃-၁၁-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သင်ကြား/စီမံ ဆရာတော်များနှင့် သင်တန်းသားသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးစီး၍  ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ဌာနမှူးများ၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ရှေးဟောင်းသုတေသနဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ စာကြည့်တိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုပုံမှန်သင်တန်းများဖွင့်လှစ်ခြင်း

23/11/2022 nuacygn 0

            အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို(ပထမ)နှစ် (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်) ပုံမှန်သင်တန်းများကို ၃-၁၁-၂၀၂၂ ရက်နေ့တွင် ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၉၄)ဦးတက်ရောက်လျက် ရှိပါသည်။           ထို့အပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝက်၊ ဘွဲ့ကြိုတန်း (ဒုတိယနှစ်၊ […]

(၂၈)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း

11/11/2022 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၈)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၄-၁၁-၂၀၂၂ရက်နေ့၊ နံနက် ၀၉၀၀နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ဒေးစွန်ပါသာသနာ့နယ်မြေ၊ ဉာဏိကာရာမကျောင်းတိုက်တွင် ဆရာတော် ဘဒ္ဒန္တ ဉာဏိက ဦးစီးသော ဆရာတော် သံဃာတော် (၂၆)ပါးတို့အား ဆက်ကပ်လှူဒါန်း ကျင်းပခဲ့ပါသည်။           အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘွဲ့ကြို (ပထမနှစ်) သင်တန်းများ၏ဝင်ခွင့်လူတွေ့စာမေးပွဲ စစ်ဆေးခြင်း

27/10/2022 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘွဲ့ကြိုပထမနှစ် (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်) သင်တန်းများ၏ ဝင်ခွင့် လူတွေ့စာမေးပွဲ စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ၌ စွယ်တော်ဆောင်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသော (ကိုဗစ်-၁၉) […]