အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဗုဒ္ဓဘာသာအသင်း၏ ဝါတွင်းကာလအတွင်း ဝတ်ရွတ်ပူဇော်ခြင်း

12/10/2022 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဗုဒ္ဓဘာသာအသင်းသည် ဝါတွင်း ကာလအတွင်း လပြည့်နေ့၊ လကွယ်နေ့များ၏ အဖိတ်နေ့များတွင် ဝတ်ရွတ်ပူဇော်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ တက္ကသိုလ်ဓမ္မာရုံ၌ ဝါတွင်းကာလ နောက်ဆုံးပတ်အနေဖြင့် ၇-၁၀-၂၀၂၂ ရက် နေ့တွင် ဓမ္မစကြာရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။

နည်းပြ(တိုင်းရင်းသားဂီတ)( ကရင်၊ မွန်၊ ရခိုင် )နှင့် နည်းပြ(တိုင်းရင်းသားအက) ( ကရင်၊ မွန်၊ ရခိုင် ) ရာထူးနေရာများခေါ်ယူခြင်း

28/09/2022 nuacygn 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) အနုပညာဌာနခွဲ(ဂီတ၊ သဘင်)တွင် တာဝန်ထမ်းဆောင်ရန် နည်းပြ(တိုင်းရင်းသားဂီတ)( ကရင်၊ မွန်၊ ရခိုင် )နှင့် နည်းပြ(တိုင်းရင်းသားအက) ( ကရင်၊ မွန်၊ ရခိုင် ) ရာထူးနေရာများခေါ်ယူခြင်း ၁။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင်အနုပညာတက္ကသိုလ် (ရန်ကုန်)ရှိ အနုပညာဌာနခွဲ(ဂီတ)နှင့် အနုပညာဌာနခွဲ(သဘင်)တို့တွင် တာဝန်ထမ်းဆောင်ရန် နည်းပြ(တိုင်းရင်းသား […]

၂၀၂၂ ခုနှစ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား

28/09/2022 nuacygn 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူးကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ပညာရည်ချွန် ဆုရ ကျောင်းသား၊ကျောင်းသူများနှင့်အတူ တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆု […]

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့လာရောက်

20/09/2022 nuacygn 0

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ရန်ကုန်မြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) သို့ ၁၇-၉-၂၀၂၂ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီတွင် လာရောက်၍ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်းအတွင်း၌ သန့်ရှင်းရေးနှင့် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

12/09/2022 morac35 0

၁-၂-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၂ ရက်နေ့အထိ ဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ (၆)လပတ်အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ  ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက် ၀၉၀၀ နာရီအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]

တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဝါတွင်းကာလ ဥပုသ်သီလခံယူပွဲနှင့် တရားနာယူခြင်း

09/09/2022 nuacygn 0

                    အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဗုဒ္ဓဘာသာအသင်းသည် ရန်ကုန် တက္ကသိုလ်၊ သမဝါယမတက္ကသိုလ်(သန်လျင်)တို့၏ ဗုဒ္ဓဘာသာအသင်းတို့နှင့်ပူးပေါင်း၍ ဝါတွင်းကာလ ဥပုသ်သီလခံယူပွဲနှင့် တရားနာယူခြင်း အလှူတော် ကို ၂-၉-၂၀၂၂ (သောကြာနေ့) နံနက် ၀၇:၃၀ နာရီတွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဌာနမှူး(စာပေ) ဦးဆောင်၍ […]

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး/ရန်ကုန်)၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

05/09/2022 morac35 0

၁။      ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး/ရန်ကုန်) ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများလျှောက်ထားနိုင်သည် –           (က)    တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။ (ခ)     သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်။ (ဂ)     အနုပညာဝါသနာပါသူဖြစ်ရမည်။ (ဃ)    တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည် […]

ဘောလုံးအဖွဲ့ဝင်လူငယ်များနှင့်တွေ့ဆုံပွဲ

31/08/2022 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားနည်းစနစ်များကို စနစ်တကျ လေ့ကျင့်နိုင်ရေးအတွက် တက္ကသိုလ် ဘောလုံးအသင်းဖွဲ့စည်းနိုင်ရန် တက္ကသိုလ် တွင် ပညာသင်ကြားနေသော ဘောလုံးဝါသနာရှင် လူငယ်များကိုစုစည်း၍ ဘောလုံးအဖွဲ့ဝင် လူငယ်များနှင့် တွေ့ဆုံပွဲကို ၂၄-၈-၂၀၂၂ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ […]

ဖွဲ့စည်းပုံညှိနှိုင်းရေးအစည်းအဝေးကျင်းပခြင်း

31/08/2022 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာဘွဲ့(ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံခန့်ခွဲမှုပညာ)  ဖွင့်လှစ်သင်ကြားနိုင် ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံခန့်ခွဲမှုပညာဌာန တိုးချဲ့ ဖွဲ့စည်းရန် ဖွဲ့စည်းပုံညှိနှိုင်းရေးအစည်းအဝေးကို ၂၃-၈-၂၀၂၂ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီ တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ […]

စံပြုထိုက်ပေ၊ မှတ်ပါလေ၊ မြန်မာစကားပုံအထွေထွေ” စကားဝိုင်း ကျင်းပခြင်း

25/08/2022 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်၌ ပညာသင်ကြားလျက်ရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ရိုးရာစကားပုံများကို သိရှိလေ့လာ၊ မှတ်သား၊ လိုက်နာ၊ လက်ဆင့်ကမ်းနိုင်စေရန်ရည်ရွယ်၍ Tik Tok နှင့် ဇာတ်လမ်းတိုပြိုင်ပွဲများကို ၂၂.၈.၂၀၂၂ ရက်နေ့နှင့် “စံပြုထိုက်ပေ၊ မှတ်ပါလေ၊ မြန်မာစကားပုံ အထွေထွေ”စကားဝိုင်းနှင့်မြန်မာစကားပုံပဟေဠိပြိုင်ပွဲကို ၂၃.၈.၂၀၂၂ နေ့ရက်တို့တွင် ကျင်းပပြုလုပ် […]