နိုင်ငံတစ်နိုင်ငံ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွင်းစာပေပြန့်ပွား တိုးတက်မှုအပေါ်မှီတည်နေပါသည်။ စာကြည့်တိုက်အမျိုးအစားအမျိုးမျိုးရှိပြီး မြန်မာနိုင်ငံအတွင်းရှိစာကြည့်တိုက်များအနေဖြင့် စာပေအသိပညာဗဟုသုတများပြန့်ပွားရန်၊စာပေဝန်ဆောင်မှုများဆောင်ရွက်ပေးရန်တို့ကို နည်းအမျိုးမျိုးနှင့် ဆောင်ရွက်လျက်ရှိကြပါသည်။ အမျိုးသားစာကြည့်တိုက်သည်လည်း နိုင်ငံကိုကိုယ်စားပြုသည့် နိုင်ငံတော်အဆင့်စာကြည့်တိုက်တစ်ခုအဖြစ်ဖြင့်စာပေအမွေအနှစ်များကိုထိန်းသိမ်းနိုင်ရုံမကဘဲနောင်လာနောင်သားများအတွက်လက်ဆင့်ကမ်းသယ်ဆောင်ပေးလျက်ရှိပါသည်။ ယနေ့ခေတ်တွင်ခေတ်မီသတင်းအချက်အလက်နည်းပညာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ စာကြည့်တိုက်အများစုတွင်လည်း စုဆောင်းထားရှိသည့် စာပေပစ္စည်းအထောက်အထားများကို ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲထိန်းသိမ်း၍ ဝန်ဆောင်မှုနှင့် သတင်းအချက်အလက်ဝေမျှမှုများကို ခေတ်မီဒစ်ဂျစ်တယ်စနစ်သုံးစာကြည့်တိုက်များအဖြစ်ပြောင်းလဲဆောင်ရွက်လာကြပါသည်။ မြန်မာနိုင်ငံအမျိုးသားစာကြည့်တိုက်သည်ဘားနတ်စာကြည့်တိုက်မှစာစုကိုအရင်းတည်၍ဖွင့်လှစ်သောစာကြည့်တိုက်ဖြစ်ပါသည်။၁၈၈၃ခုနှစ်၊ […]