ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း

01/04/2020 doarnm 0

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင် ရစ်ချ်စတာ စကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်း အဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံ မှုအရ […]

အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ ဓမ္မပူဇာတေးများဖြင့် သီကျူးပူဇော်ခဲ့ခြင်း

11/03/2020 dfanpt 0

၁၁.၃.၂၀၂၀ရက်(ဗုဒ္ဓဟူးနေ့)တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ပြည့်နှစ်၊ မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှအနုပညာရှင်ဝန်ထမ်းများက ထူးမခြားနားသီချင်းနှင့်အတူ ဓမ္မပူဇာတေးများကို မြန်မာ့ရိုးရာတူရိယာ၊ စောင်း၊ ဆိုင်းဝိုင်းကြီးတို့ဖြင့် တွဲဖက်၍ သီကျူး ပူဇော်ခဲ့ပါသည်။

ပါမောက္ခချုပ်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီးဘောလုံးပြိုင်ပွဲ

03/03/2020 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်ဖလားဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၃-၂-၂၀၂၀ ရက်နေ့၊ နေ့လယ် (၂)နာရီ မိနစ်(၃၀)တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဘောလုံးအားကစားကွင်းမှာကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အားကစားအသင်းများက အားကစားကွင်းအတွင်း ဝင်ရောက်နေရာယူကြပြီး ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ဦးတင့်ဇော်ဦး၊ ကထိက(ပန်းပု)က ပြိုင်ပွဲဝင်အသင်းများအား ပြိုင်ပွဲစည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး […]

နည်းပညာမိတ်ဆက်ပွဲ

03/03/2020 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် ဟွေယွန်းကုမ္ပဏီတို့ ပူပေါင်းပြုလုပ်သော နည်းပညာမိတ်ဆက်ပွဲကို ၂၈.၂.၂၀၂၀ ရက်နေ့၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ NUAC(Ygn) သရဖီဆောင် တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးမြတ်သူရက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟွေယွန်းကုမ္ပဏီ၏ အရှေ့တောင်အာရှတာဝန်ခံက ထုတ်ကုန်များမိတ်ဆက်ပြသပါသည်။ ဆက်လက်၍ […]

မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် အလေးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ

28/02/2020 doarnm 0

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူအဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) မျိုးနွယ်စု တစ်စုစု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးတို့က မျိုးဆက်တစ်ခုမှ တစ်ခု လက်ဆင့်ကမ်းလာခဲ့ကြပြီး ယင်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ရိုးရာဓလေ့ထုံးစံ၊ အလေ့အထများ၊ ဖော်ပြချက်များ၊ အသိပညာများ၊ စွမ်းရည်များ တို့ကို ဆိုသည်။               UNESCO ၏ ၂၀၀၃ ကွန်ဗန်းရှင်းအရ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

14/02/2020 adminculture35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအား ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရုံးအမှတ် ၃၅၊ နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ် ခဲ့ပါသည်။အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် […]

“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန်အတွက် စာတမ်းများစိစစ်ရွေးချယ်ခြင်း

17/01/2020 dhrnl2 0

နေပြည်တော် ဇန် ၁၇               သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် သုတေ သနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သုတေသနစာတမ်း (၈)စောင် ဖတ်ကြားသွားမည်ဖြစ်ပါသည်။ […]