ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခြင်း ၂၀၂၄ ခုနှစ် ဇွန်လ ၁၇

14/06/2024 morac35 0

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ၁၇-၆-၂၀၂၄ ရက်နေ့မှ ၁၈-၇-၂၀၂၄ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန

ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ ခြင်း

06/06/2024 admin dhrnl 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနနှင့် အမျိုးသားယဉ်ကျေးမှုအနုပညာတက္ကသိုလ်(မန္တလေး)တို့ ပူးပေါင်း၍ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် ဖွင့်လှစ်သည့် ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၇) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၃-၆-၂၀၂၄)ရက်နေ့တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ […]

ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

06/06/2024 admin dhrnl 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း၍ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)တွင် ဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ်(၁၁) ဖွင့်ပွဲအခမ်းအနားကို အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ သင်တန်းခန်းမ၌ ၃-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပခဲ့ရာ သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် […]

ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကျင်းပခြင်း

04/06/2024 nuacygn 0

          ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ၂-၆-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပခဲ့ပါသည်။           အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ […]

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၁/၂၀၂၄) ပညာရေးအဖွဲ့အစည်းအဝေး

30/05/2024 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၁/၂၀၂၄) ပညာရေးအဖွဲ့ အစည်း အဝေးကို ၂၉-၅-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ၊ ဌာနမှူးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာရေးအဖွဲ့ဝင်များ၊ သင်တန်းမှူးများ တက်ရောက်ကြသည်။ […]

ပထမအကြိမ် ကဆုန်ညောင်ရေသွန်းလောင်းပူ‌ဇော်ပွဲကျင်းပခြင်း

23/05/2024 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော် များနှင့် ဆယ့်နှစ်လရာသီပွဲတော်များကျင်းပ၍ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်လျက်ရှိရာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ၂၂-၅-၂၀၂၄ (ကဆုန်လပြည့်နေ့)၊ နံနက် ၀၉:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ […]

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပန်းချီ ပညာဌာန ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာပြပွဲ (Narrative on Canvas) ကျင်းပ

20/05/2024 nuacygn 0

            အနာဂတ်လူ့ဘောင်အဖွဲ့အစည်းက လိုလားသော အနုပညာသစ်များကို ဖန်တီးနိုင်ရေးအတွက် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီပညာဌာနမှ မဟာဝိဇ္ဇာတန်းများနှင့် စတုတ္ထနှစ် ပန်းချီအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အနုပညာလက်ရာပြပွဲ (Narrative on Canvas) ကို အနုပညာဖန်တီးမှုစွမ်းရည်များ ပိုမိုမြင့်မားလာစေရန် ပြပွဲကျင်းပရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို နားလည်စေရန်၊ […]

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း

15/05/2024 morac35 0

၁။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့ပူးပေါင်း၍ အမျိုးသား စာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့၌ ၂၀၂၄–၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာ (၁)နှစ် ( ၆ )လ သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပါသည်။          (က) သင်တန်းအမည်   –   ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာ           (ခ)   သင်တန်းကာလ   – […]

မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့အား မြန်မာ့ယဉ်ကျေးမှုအကများဖြင့် ကြိုဆိုခြင်း

14/05/2024 nuacygn 0

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအား တရုတ် ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ပြီး မြန်မာ-တရုတ်ခရီးသွား မြှင့်တင်ရေးအဖွဲ့နှင့်ပူးပေါင်း၍ မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းကျင်မှုဆိုင်ရာခရီးစဉ် (FAM Trip)ကို စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ၁၀-၅-၂၀၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်ရှိလာပါသည်။           ကိုယ်စားလှယ်အဖွဲ့အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ […]