မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄)

27/02/2024 nuacygn 0

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ မြန်မာတိုင်းရင်းသားလူမျိုးများ၏  အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ဖေဖော်ဝါရီလ (၂၂) ရက် နံနက် (၁၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ကျင်းပရာ  မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ ဥက္ကဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ Online မှ တက်ရောက်ကြသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန […]

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပထမအကြိမ် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း

23/02/2024 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ၁၆-၂-၂၀၂၄ ရက်နေ့ ညနေ ၂:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဂီတပညာဌာနနှင့် သဘင်ပညာဌာန ကိုယ်စားပြု ကုမုဒြာအဖွဲ့၊ ပန်းချီပညာဌာနနှင့်ပန်းပုပညာဌာန ကိုယ်စားပြု ကံ့ကော်အဖွဲ့နှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနနှင့်ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန ကိုယ်စားပြု သဇင်အဖွဲ့ စသည့် အဖွဲ့ ၃ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ […]

No Image

နိုင်ငံတော်မူမဟာဂီတသီချင်းကြီးများ၏ ဂီတသင်္ကေတများ (စောင်း+ပတ္တလား+စန္ဒရား) အတွဲ(၁)

19/02/2024 nuacygn 0

မဟာဂီတသီချင်းကြီးများ စိစစ်‌ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေးကော်မတီ၏ သင်္ကေတစာပြုစုရေးဆပ်ကော်မတီမှ တည်းဖြတ်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ  ထုတ်ဝေသော “နိုင်ငံတော်မူ မဟာဂီတသီချင်းကြီးများ၏ ဂီတသင်္ကေတများ (စောင်း+ပတ္တလား+စန္ဒရား) အတွဲ(၁)”ကို တစ်အုပ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ အမျိုးသားပြတိုက်(နေပြည်တော်)၊  အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

No Image

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်ဝင်ကြေးနှင့် ဇုန်ဝင်ကြေးသတ်မှတ်ချက်များ

19/02/2024 doarnm 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနရှိ ယဉ်ကျေးမှုအမွေအနှစ်ဇုန်များသို့ လာရောက်လေ့လာသည့် ပြည်ပဧည့်သည်များထံမှ ဇုန်ဝင်ကြေးငွေများကို အောက်ပါနှုန်းထားများအတိုင်း ကောက်ခံလျက်ရှိပါသည်- ၂။  အမျိုးသားပြတိုက်များ၊ အထိမ်းအမှတ်ပြတိုက်များ၊ ရှေးဟောင်းသုတေသနပြတိုက်များ၊ ဗုဒ္ဓပြတိုက်များနှင့် ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်များသို့ လာရောက်လေ့လာသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များထံမှ ပြတိုက်ဝင်ကြေးငွေများကို အောက်ပါနှုန်းထားများအတိုင်းကောက်ခံလျက်ရှိပြီး မန္တလေးယဉ်ကျေးမှုဇုန်၊ သရေခေတ္တရာယဉ်ကျေးမှုဇုန်၊ ဗိဿနိုးယဉ်ကျေးမှုဇုန်နှင့် ရွှေဘို-ဟန်လင်း ယဉ်ကျေးမှုဇုန်အတွင်းသို့ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အားသွားရောက်ကြည့်ရှုစစ်ဆေး

17/02/2024 admin dhrnl 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဉီးမြင့်ဦး၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မြင့် တို့နှင့်အတူ ၃၀-၁-၂၀၂၄ ရက်နေ့တွင် အမှတ်(၆၀၄/၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စာအုပ်စင်ခန်းကို ကြည့်ရှုစစ်ဆေးရာ အခန်းတာဝန်ခံက ရွေ့လျားစာအုပ်စင်များဖြင့် ၁၉၆၀ ပြည့်နှစ်မှ ၂၀၁၆ […]

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၄၆ ကန်အား ပြန်လည်တူးဖော် ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း

08/02/2024 morac35 0

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန်(၄၆)ကန်အား ပြန်လည် တူးဖော် ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများ အနေဖြင့် တတ်စွမ်းသမျှ လှူဒါန်းလိုသည်ဖြစ်စေ၊ ရေကန်တစ်ကန်ချင်း လှူဒါန်းလိုသည်ဖြစ်စေ အလှူငွေများကို လက်ခံသွားမည်ဖြစ်ပြီး  ပါဝင်လှူဒါန်း လိုပါက ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာဌာနခွဲ)၊  နေပြည်တော် (ဖုန်း၊ ၀၆၇-၃၄၀၈၄၁၈) ၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား […]

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်တွင် ရှေးဟောင်းရေကန် ၄၆ ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်းလျှက်ရှိရာ ရဟန်းရှင်လူပြည်သူများ အနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း နေပြည်တော်၊ (၆.၂.၂၀၂၄)

06/02/2024 morac35 0

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ရှေးဟောင်းရေကန် ၄၆ ကန်အား ပြန်လည် တူးဖော်ထိန်းသိမ်းလျှက်ရှိရာ ရဟန်းရှင်လူပြည်သူများ အနေဖြင့် ပါဝင်လှူဒါန်းလိုပါက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (ဖုန်း၊ ၀၉၅၁၀၆၂၇၄) နှင့် ရှေးဟောင်းသုတေသသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ဖုန်း၊ ၀၉၆၇၈၂၆၅၁၉၁) တို့ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

No Image

မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် တက္ကသိုလ်မိတ်ဆက် အခမ်းအနား ကျင်းပခြင်း

31/01/2024 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ (၃၀) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို ၁၇-၁-၂၀၂၄ ရက်နေ့၌ စွယ်တော်ဆောင်ရှိ ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၏ ပထမပိုင်းအစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးဇော်ဇော်ထွန်းနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဒုဌာနမှူး နှင့် […]

No Image

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်(ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနား

31/01/2024 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် (ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသနစာတမ်းဖတ်ပွဲ ဒုတိယအကြိမ်ကို    ၃၀-၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စွယ်တော်ဆောင်၊ ဒုတိယထပ်ရှိ ယဉ်ကေျးမှုခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(စီမံ)၊  ဌာနမှူး(သင်တန်းရေးရာ)၊ သက်ဆိုင်ရာဘာသာရပ် ဌာနများမှ ပါမောက္ခ၊ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားနေပြည်တော်ဇန်နဝါရီ  ၂၂ ရက်

22/01/2024 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် မြန်မာတို့၏ လေးစား မြတ်နိုးဖွယ်ရာကောင်းသော အနုသုခုမပညာရပ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်း မြှင့်တင်ခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ : ၀၀ နာရီ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ပါသည်။ […]