သတင်း
ရှမ်းပြည်နယ် တောင်ပိုင်းဒေသရှိ ကျောက်ခေါင်းကျောင်းဂူနှင့် လုံကာကုန်း ကျောက်ခေတ်ဒေသ များအား တူးဖော်သုတေသနပြုလုပ်
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို ဖော်ထုတ်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း ကွင်းဆင်းသုတေသနလုပ်ငန်းမှသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်နှင့် ခေတ်ပြိုင်အထောက်အထားများ၊ သမိုင်းတင်ခေတ် အထောက်အထားများကို ကွင်းဆင်းရှာဖွေခြင်း၊ တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်းရေး ဆောင်ရွက်ခြင်းစသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ […]
မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုများရရှိခြင်း
မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများရရှိခဲ့ကြပါသည်။ (က) မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ – ဒေါ်အေးအေးဟန်၊ ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (အထူးဆု)- ဦးသက်ဦး၊ လက်ထောက်ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) (အထူးဆု) (ခ) မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် […]
(၂၆)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို (၂၉-၁၁-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်းလမ်း ရွှေစေတီဝိစာရ ဓမ္မရိပ်သာ ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဓမ္မသာရအရှင်သူမြတ်နှင့် သံဃာတော် (၄)ပါးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ […]
မြန်မာ့သမိုင်း၏ လားရာအတိတ်နှင့် ပစ္စုပ္ပန်” သုတေသနစာတမ်းဖတ်ပွဲအတွက် စာတမ်းများ ဖိတ်ခေါ်ခြင်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် သမိုင်းဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ သမိုင်း ဆိုင်ရာအချက်အလက်များ ပိုမိုပြည့်စုံမှန်ကန်လာစေရေး၊ သမိုင်းဆိုင်ရာအယူအဆ၊ အတွေး အခေါ်များ ပြည်သူလူထုများအကြား ပိုမိုစိတ်ဝင်စားသိမြင်လာစေရေး ရည်ရွယ်၍ “မြန်မာ့ သမိုင်း၏ လားရာအတိတ်နှင့် ပစ္စုပ္ပန်” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လ […]
ပြတိုက်များပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့်အချိန်တွင် လူဦးရေအကန့်အသတ်ဖြင့် ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ယဉ်ကျေးမှုအမွေ အနှစ်များအား ရှာဖွေဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ပြတိုက်များဖွင့်လှစ်၍ အများပြည်သူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါဘေးကြောင့် ပြတိုက်များကို ယာယီပိတ်ထားသော်လည်း ပြတိုက်များပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ ပြတိုက်များအလိုက် သတ်မှတ်ခွင့်ပြု လူဦးရေဖြင့် ဝင်ရောက်ကြည့်ရှုခွင့်ပြုသွား နိုင်ရန် […]
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဒေါက်တာခင်ကြည်ပြာအာဆီယံ၏ (4IR)အတွက် ခိုင်မာသောမဟာဗျူဟာအစီအစဉ်ရေးဆွဲရေးပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခြင်း (၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်၊ မန္တလေး)
၁။ ယနေ့ခေတ်ကာလတွင် ဒီဂျစ်တယ်နည်းပညာသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လျက်ရှိပြီး COVID-19 ကပ်ရောဂါ ရင်ဆိုင်နေရသည့် ယခုလိုအချိန်ကာလတွင် ပိုမိုလိုအပ် လာမည်ဖြစ်ပါသည်။ ၂။ အာဆီယံတွင် စတုတ္ထစက်မှုတော်လှန်ရေး(4IR Fourth Industrial Revolution)ကိုဆောင်ရွက်လျက်ရှိပြီးအာဆီယံ-ဩစတြေးလျဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ (4IR)အတွက် ခိုင်မာသောမဟာဗျူဟာအစီအစဉ်ကိုရေးဆွဲလျက်ရှိပါသည်။ ၃။ သို့ဖြစ်ရာယင်းအစီအစဉ်အတွက် အာဆီယံ၏ မဏ္ဍိုင်များနှင့် ၎င်းတို့၏ […]
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (၁၅)ကြိမ်မြောက်ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ (၁၅)ကြိမ်မြောက် ကထိန် သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅) တွင် COVID-19 ရောဂါကာကွယ်ရေးသတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကို နှင့်ဇနီး၊ […]
အေဒီ ၁၅-၁၆ ရာစု စဉ့်ထည်(၁၆)ခု အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယ(အနောက်)ကျေးရွာနေ ဦးတင်လှ မှ ယာမြေရှင်းလင်းရာတွင် တွေ့ရှိရသည့် အေဒီ ၁၅-၁၆ရာစု စဉ့်ထည်ပစ္စည်း(၁၆)ခုအား ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ထားဝယ်ဌာနခွဲသို့ လာရောက်အပ်နှံခဲ့သဖြင့် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဆန်းချီ […]
ဟန်လင်းမြို့ဟောင်းတွင် ပျူခေတ် နဂါးရုပ်များဖြင့် တန်ဆာဆင်ထားသော ဒွါရပါလ(တံခါးစောင့်နတ်ရုပ်) ရုပ်ကြွတစ်ခု တူးဖော်ထိန်းသိမ်းလျက်ရှိ
မတူညီသည့်ဒေသ(၃)ခုတို့ တွင် တည်ရှိလျက်ရှိပြီး ကမ္ဘာ့အမွေအနှစ်ဒေသများ ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းတို့သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ ထိုမြို့ဟောင်း များအနက် ဟန်လင်းမြို့ဟောင်းသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်တွင် တည်ရှိပြီး […]