သုတေသနစာတမ်းဖတ်ပွဲ (NEWS View, Fresh Finds)နှင့် ရှားပါး အထောက်အထားများပြပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြီးစီး

13/12/2019 admin dhrnl 0

နေပြည်တော်၊ ဒီဇင်ဘာ ၁၃           သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှကြီးမှူး၍ မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၏သုတေသနစာတမ်းဖတ်ပွဲ (News View, Fresh Finds) နှင့် ရှားပါးအထောက် အထားများပြပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမှတ် (၆၀၄/၆၀၈)ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိအမျိုးသားစာကြည့်တိုက်(ရန်ကုန်)အစည်းအဝေး ခန်းမ၌ ၁၃-၁၂-၂၀၁၉ ရက်နေ့ (သောကြာနေ့) မွန်းလွဲ (၂:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ […]

သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးသို့ တက်ရောက်

13/12/2019 admin dhrnl 0

မြန်မာသမိုင်းအဖွဲ့လစဉ်ပုံမှန်အစည်းအဝေးကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ သောကြာနေ့ နံနက် (၁ဝး၀၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာလမ်းရှိ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ပညာဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့ဝင်များနှင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဆက်စပ်ဝန်ကြီးဌာနများမှ […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

11/12/2019 adminculture35 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့၌ မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် ကိုယ်စားလှယ်အဖွဲ့အား (၁၁.၁၂.၂၀၁၉) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ […]

မြန်မာအကအခြေခံကဗျာလွတ်အက(ပထမအဆင့်)ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

11/12/2019 adminculture35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သည့် မြန်မာအကအခြေခံ ကဗျာ လွတ်အက(ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်း အနားကို ၁၁.၁၂.၂၀၁၉ ရက်နေ့၊ နံနက် ၀၉၀၀ နာရီအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ […]

မြန်မာအကအခြေခံ ကဗျာလွတ်အက ပထမအဆင့် ဆင့်ပွားနည်းပြသင်တန်း(၂/၂၀၁၉) သင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းတက်ရောက်အမှာစကားပြော ကြားခဲ့ပါသည်။

11/12/2019 dfanpt 0

မြန်မာအကအခြေခံကဗျာလွတ်အက ပထမအဆင့် ဆင့်ပွားနည်းပြသင်တန်း (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသားသင်တန်းသူ ဆရာ ဆရာမများ၊ သင်တန်းနည်းပြများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။  သင်တန်းဆင်းပွဲအခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ […]

“ရသစုံလင် စာဉယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်” ကျင်းပပြုလုပ်မည်

10/12/2019 admin dhrnl 0

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် (၂၀-၁၂-၂၀၁၉) ရက်နေ့မှ (၂၂-၁၂-၂၀၁၉) ရက်နေ့အထိ “ရသစုံလင် စာဉယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ် နှင့် အမှတ်တရဈေးရောင်းပွဲတော်”ကို နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၃:၀၀) နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပွဲတော်တွင် ကာတွန်းပညာရှင်များက အမှတ်တရကာတွန်းရေးဆွဲပေးခြင်း၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ […]

“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” စာတမ်းဖတ်ပွဲအတွက် စာတမ်းရှင်များအား ဖိတ်ကြားအပ်ပါသည်။

10/12/2019 admin dhrnl 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာ နိုင်ငံအတွင်း တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေ ဖော်ထုတ်နိုင်ရန်အတွက် “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ […]

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ JICA ရုံးချုပ်ရှိ ဂျပန်ပင်လယ်ရပ်ခြားလုပ်အားပေး အတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်ဖြစ်သူ Mr. Takako OTA ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သို့ လာရောက်တွေ့ဆုံဆွေးနွေးခြင်း

10/12/2019 nuacmdy 0

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ JICA ရုံးချုပ်ရှိ ဂျပန်ပင်လယ်ရပ်ခြားလုပ်အားပေး အတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်ဖြစ်သူ Mr. Takako OTA ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် JICA မြန်မာသံရုံးမှ အတွင်းရေးမှူးဖြစ်သူ ဒေါ်လဲ့ယဉ်ထွန်း လိုက်ပါလျက် (၁၀-၁၂-၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းတွင်အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်ဒေါက်တာခင်ကြည်ပြာနှင့် ဒုတိယပါမောက္ခချုပ်များ၊ […]

ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း

09/12/2019 doarnm 0

၁။           ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင် ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ […]