“Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary Symposium” နိုင်ငံတကာ စာတမ်းဖတ်ပွဲကျင်‌းပ

17/09/2019 admin dhrnl 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနက ကြီးမှူး၍ ၂ ရက်တာ ကျင်းပမည့် “Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary Symposium” နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကို […]

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ပြီ

07/07/2019 doarnm 0

နေပြည်တော် (၂၀၁၉)ခုနှစ်၊ ဇူလိုင်လ (၆)ရက်               မြန်မာနိုင်ငံတွင် ပုဂံခေတ်မှစတင်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို စတင်ယုံကြည် ကိုးကွယ်ခဲ့ ပါသည်။ ဘာသာရေးကိုအခြေခံ၍ ပုဂံခေတ်ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်း အဆောက်အအုံများ၏ ဗိသုကာလက်ရာ၊ အင်္ဂတေပန်း၊ နံရံပန်းချီစသည့် စေတီ၊ ပုထိုးနှင့် အဆောက် အအုံများကို တစ်ကမ္ဘာလုံးက […]

ပြည်တွင်း/ပြည်ပ ပညာရှင်များပါဝင်သည့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

28/03/2019 admin 0

၂၈-၃-၂၀၁၉ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ရန်ကုန်မြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ရန်ကုန်ဌာနခွဲရုံး၌ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။ ​အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ UNESCO၊ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ ဆပ်ကော်မတီ/ ကော်မတီဝင် […]

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အဆောက်အဦတွင် ထည့်သွင်းဆောင်ရွက်မည့် စာကြည့်တိုက်သုံးပစ္စည်းများအား ဝယ်ယူရန်အတွက် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုမှုအခမ်းအနားကျင်းပခြင်း

09/02/2019 admin dhrnl 0

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အမှတ်(၆၀၄၊၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ် ရှိ အဆောက်အဦတွင် ထည့်သွင်းဆောင်ရွက်မည့် စာကြည့်တိုက်သုံး ပရိဘောဂလုပ်ငန်း များနှင့် Mobile Shelves ဝယ်ယူရန် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခြင်း၊ အခမ်း အနားကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အစည်းအဝေးခန်းမ၌ ၈-၂-၂၀၁၉ (သောကြာ နေ့) […]

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကရင်တိုင်းရင်းသားဝတ်စုံအား အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်း

12/10/2018 admin 0

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည် ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သူမန်းဘခိုင်၏ ဝတ်စုံကို အမျိုးသားပြတိုက် (နေပြည်တော်)သို့ လှူဒါန်းသည့် အခမ်းအနားကို အမျိုးသားပြတိုက်(နေပြည်တော်)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်း အတွင်း၀န်၊ အမျိုးသားလွှတ်တော်နှင့် […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းကို အသိသစ် အမြင်သစ်ဖြင့် ကြည့်ခြင်း”သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်မိန့်ခွန်းပြောကြား

27/09/2018 admin 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းကို အသိသစ် အမြင်သစ်ဖြင့် ကြည့်ခြင်း”သုတေသန စာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၀၈:၀၀) နာရီက နေပြည်တော်၊ အမျိုးသား စာကြည့်တိုက်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့ဝင် […]

သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာလွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပခြင်း

23/09/2018 admin 0

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် ပုဂံဒေသရှိ သဗ္ဗညုစေတီတော် ပြုပြင်ထိန်းသိမ်းရေးအတွက် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၁၅:၀၀ နာရီတွင် သဗ္ဗညုဘုရား ပထမပစ္စယံရှိ အာရုံခံလိုဏ်အတွင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန […]

ရှေးဟောင်းဝတ္တုပစ္စည်းများတရားမဝင်ရောင်းဝယ်မှုများအားတားဆီးရေးဆိုင်ရာဆွေးနွေးပွဲ

19/09/2018 admin 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဦးစီး၍ ရှေးဟောင်းဝတ္တုပစ္စည်းများ တရား မဝင်ရောင်းဝယ်မှုများအား တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကို UNESCO နှင့် ပူးပေါင်း၍ UNESCO ဌာနချုပ် ဥပဒေရေးရာပညာရှင်များကို ဖိတ်ကြားပြီး ပြည်တွင်းမှ ရှေးဟောင်းဝတ္တုပစ္စည်း ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊နည်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော ပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၊ရှေးဟောင်းပစ္စည်းစုဆောင်းသူများ၊အမှတ်တရ ပစ္စည်းရောင်းဝယ်သူများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအသင်း အဖွဲ့များ၊အစိုးရဌာနဆိုင်ရာများနှင့် အမှတ်တရပစ္စည်း ထုတ်လုပ်သည့် […]

ချောင်ဦးမြို့နယ်၊ အမြင့်ဒေသ/ အနိမ့်ဒေသ(သုံးပန်လှ)နှင့် ဘုတလင်မြို့နယ်၊ ညောင်ကန် ဒေသတို့၌ “ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ” အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

19/09/2018 admin 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်၏ လမ်းညွှန်မှုဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “ရှေးဟောင်း ဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့် မုံရွာ ခရိုင်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသများတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးနိုင်ရေး အတွက်ရည်ရွယ်၍  […]