မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
အမျိုးသားပြတိုက်(နေပြည်တော်) တည်ဆောက်ဖွင့်လှစ်ပြသမှု (၃)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ခင်းကျင်းပြသသည့် မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲဖွင့်ပွဲအခမ်းအနားကို အမျိုးသား ပြတိုက်(နေပြည်တော်)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီး ဌာန ပြည်ထောင်စု၀န်ကြီး သူရဦးအောင်ကို တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စု၀န်ကြီးက ပြတိုက်များသည် (၁၅)ရာစုခန့်တွင် ဥရောပ၌စတင်ပေါ်ပေါက်ပြီး ရှေးဟောင်းပစ္စည်းများ၊ အလှအပပစ္စည်းများ၊ အဖိုးတန်ရတနာများကို စုဆောင်းပြသခဲ့ကြရာမှ (၁၆)ရာစုတွင် ကျောင်းသူကျောင်းသားများအတွက်လည်းကောင်း၊ […]