ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေလှည့်လည်စစ်ဆေး နေပြည်တော်၊ ဧပြီ ၂၉

29/04/2024 morac35 0

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်း ဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများအား […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

23/04/2024 morac35 0

 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်လည်ပွဲအခမ်းအနားကို ၂၀-၄-၂၀၂၄ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။ ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့‌ ရောက်ရှိကြပြီး စေတီတော်ကို လက်ယာရစ် လှည့်လည်ပူဇော်၍ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်းရှိ ဂေါတမမြတ်စွာဘုရားရှင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရှိခိုးကန်တော့ကြကာ ရင်ပြင်တော်ရှိ အောင်မြေဌာန၌ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး မေတ္တာပို့အမျှဝေကြသည်။  ထို့နောက် ဒုလ္လဘရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများ၊ […]

အနုပညာအထက်တန်းကျောင်း(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်းပွဲ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တက်ရောက် အမှာစကားပြောကြားခြင်း မတ်လ ၃၀

30/03/2024 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊အဖွဲ့ဝင်   ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက် ၀၉:၃၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ကျင်းပသော အနုပညာအထက်တန်း ကျောင်း(ရန်ကုန်)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်၍ ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့်  ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပုပြခန်းအား လှည့်လည်ကြည့်ရှုကာ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အားသွားရောက်ကြည့်ရှုစစ်ဆေး

17/02/2024 admin dhrnl 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဉီးမြင့်ဦး၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မြင့် တို့နှင့်အတူ ၃၀-၁-၂၀၂၄ ရက်နေ့တွင် အမှတ်(၆၀၄/၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စာအုပ်စင်ခန်းကို ကြည့်ရှုစစ်ဆေးရာ အခန်းတာဝန်ခံက ရွေ့လျားစာအုပ်စင်များဖြင့် ၁၉၆၀ ပြည့်နှစ်မှ ၂၀၁၆ […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ၂၀၂၄-ခုနှစ်၊ အာဆီယံ-တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးပြန်လည်ရောက်ရှိ ရန်ကုန် ဖေဖော်ဝါရီလ ၄ ရက်

04/02/2024 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့်  “၂၀၂၄–ခုနှစ်၊ အာဆီယံ–တရုတ် ပြည်သူများကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ နှင့် ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ပြီး […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အာဆီယံ – တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲအခမ်းအနား သို့တက်ရောက်ရန်အတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  ထွက်ခွာရန်ကုန် – ဇန်နဝါရီ ၃၁

31/01/2024 morac35 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “အာဆီယံ – တရုတ်ပြည်သူများ အကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲအခမ်းအနား”သို့ တက်ရောက်ရန်အတွက် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားနေပြည်တော်ဇန်နဝါရီ  ၂၂ ရက်

22/01/2024 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် မြန်မာတို့၏ လေးစား မြတ်နိုးဖွယ်ရာကောင်းသော အနုသုခုမပညာရပ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်း မြှင့်တင်ခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ : ၀၀ နာရီ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ပါသည်။ […]

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းသုံးသပ်အစည်းအဝေးကျင်းပ နေပြည်တော်ဇန်နဝါရီ ၁၉

19/01/2024 morac35 0

                                                                                        ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းသုံးသပ်အစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျောက်ပန်းတောင်းမြို့တွင် သာသနာရေးဆိုင်ရာများဆောင်ရွက်ခြင်း နှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း ၁၁.၁.၂၀၂၄ ကျောက်ပန်းတောင်းမြို့

11/01/2024 morac35 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျောက်ပန်းတောင်းမြို့၊ မြို့ဦးအောင်စေတီ ဓမ္မာရုံ၌ (၁၁.၁.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၊ တိုင်းဒေသကြီးသံဃနာယကဆရာတော် နှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များကို ဖူးမြော် ကြည်ညိုပြီး ကျောက်ပန်းတောင်းမြို့၊ […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က  ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများပြုပြင်ထိန်းသိမ်းထားမှုအခြေအနေအားလှည့်လည်စစ်ဆေး

11/01/2024 doarnm 0

၁၀.၁.၂၀၂၄ ပုဂံမြို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၀.၁.၂၀၂၄) ရက်နေ့တွင် သာသနာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်နှင့် […]