သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် တာဝန်ယူညှိနှိုင်းဆောင်ရွက်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ မေလ ၈ ရက်နေ့၊ နေပြည်တော်

08/05/2023 morac35 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် တာဝန်ယူညှိနှိုင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ ၊ ၁၄:၀၀ နာရီတွင် ရုံးအမှတ် (၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော် မေလ ၈ ရက်

08/05/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် (၀၉၃၀)နာရီက နေပြည်တော်၊ ရုံးအမှတ်(၃၅)ရှိ လောကနတ်ခန်းမတွင် မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)မှ ဥက္ကဋ္ဌ ဦးဖိုးချစ် အပါအဝင် အမှုဆောင်အဖွဲ့ဝင်များဖြင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏ လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) တို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပမေလ ၅ ရက်နေ့၊ နေပြည်တော်

05/05/2023 morac35 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)တို့ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့ ၁၄:၁၅ နာရီတွင် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။           အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ […]

အာရှယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ တည်ထောင်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိရန်ကုန်၊ ဧပြီလ ၂၆ ရက်

26/04/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စန်ရှီးပြည်နယ်၊ ရှီအန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ တည်ထောင်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့ နေ့လယ် ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ […]

အာရှယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာ မိတ်အဖွဲ့ တည်ထောင်မည့် အစည်းအဝေးသို့ တက်ရောက်မည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  ထွက်ခွာရန်ကုန်၊ ဧပြီလ ၂၃ ရက်

23/04/2023 morac35 0

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စန်ရှီးပြည်နယ်၊ ရှီအန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ တည်ထောင်မည့်အစည်းအဝေးသို့ တက်ရောက်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ […]

၂၀၂၃ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနား ကျင်းပပြုလုပ် နေပြည်တော်၊ ၇-၄-၂၀၂၃

07/04/2023 morac35 0

၂၀၂၃ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယ အကြိမ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ ၇-၄-၂၀၂၃ ရက်နေ့ (၁၃:၀၀)နာရီမှ (၁၇:၀၀)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။               ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အတာသင်္ကြန်နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ နေပြည်တော်၊  ၃-၄-၂၀၂၃

03/04/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar ကို ယနေ့ နေ့လယ် ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်အား ဖူးမြော်ကြည်ညို၍ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲပြီးစီးနေမှုကို ကြည့်ရှု့စစ်ဆေးခြင်းမန္တလေး ၂၆ ရက်၊ မတ်လ၊ ၂၀၂၃ ခုနှစ်

26/03/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာသာသနာရေးဆိုင်ရာများကိုမေးမြန်းလျှောက်ထားခဲ့ပါသည်။ ၎င်းနောက်ပြည်ထောင်စုဝန်ကြီးသည်မန္တလေးမြို့အနုပညာအထက်တန်းကျောင်းရှိပန်းချီ၊ပန်းပုဌာနနှင့်ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး) တို့တွင်ရေးဆွဲလျက်ရှိသည့် နေပြည်တော်၌တည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ပရဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲ နေမှုအခြေအနေ များကိုလိုက်လံကြည့်ရှု့စစ်ဆေးခဲ့ရာ အနုပညာဦးစီးဌာန […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ၂၀၂၂- ၂၀၂၃ခုပညာသင်နှစ်သင်တန်းဆင်းလက်မှတ်ပေးအပ်

25/03/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်(၁၃:၃၀)နာရီတွင် အမျိုးသားဇာတ်ရုံ(မန္တလေး) ၌ကျင်းပသည့် အနုပညာအထက်တန်းကျောင်း(မန္တလေး)၊၂၀၂၂ – ၂၀၂၃ခု ပညာသင်နှစ် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ၊ စွမ်းရည်ပြ ကျောင်းဆင်းလက်ရာမွန်ပြပွဲနှင့် ပဒေသာ ကပွဲသို့ တက်ရောက်သည်။         သင်တန်းဆင်းပွဲအခမ်းအနားတွင် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏(၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ မတ်လ၂၂ ရက်နေ့၊ နေပြည်တော်

22/03/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ၁၇:၃၀ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တက်ရောက်အဖွင့်စကားပြောခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ […]