Month: February 2020
ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း
၁။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင် ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ […]
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းဘုရားပုထိုးများပေါ်သို့ တက်ရောက်ခြင်း မပြုရန်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံနှိုးဆော်ခြင်း
ပုဂံယဉ်ကျေးမှုအမွေအေနှစ်ဒေသ၌ (၂၁.၂.၂၀၁၆)ရက်နေ့တွင်အမေရိကန် နိုင်ငံသား(၁)ဦး ရွှေဂူကြီးဘုရား ကွမ်းတောင်အထက်ပိုင်းသို့ တက်ရောက်ရာမှ ပစ္စယာပေါ်သို့ပြုတ်ကျ၍ ဦးခေါင်းပိုင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၁၅.၇.၂၀၁၇)ရက်နေ့ တွင် ဂျာမနီနိုင်ငံသူ(၁)ဦး မင်းနန်သူတောင်ဘက် ဘုရားအမှတ် (၅၇၁)မှ ပြုတ်ကျခဲ့ရာ ညာဘက်နံရိုးနှစ်ချောင်းကျိုး၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၇.၁၁.၂၀၁၇) ရက်နေ့တွင် အမေရိကန် နိုင်ငံသူ(၁)ဦး ဝတ္တနတော ဘုရားစု ဘုရားအမှတ်(၃၅၂)တွင် […]
လုပ်ငန်းအပ်နှံသည့်စာချုပ် ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း (မန္တလေး၊ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်)
၂၀၁၉-၂၀၂၀ ဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သံကူကွန်ကရစ်(၃)ထပ် စာသင်ဆောင်(၅၀%) တည်ဆောက်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းအပ်နှံသည့်စာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို (၁၈-၂-၂၀၂၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ပင်မအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဌာနမှူးများ၊ ဆရာကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များ၊ တင်ဒါအောင်မြင်ခဲ့သော Mandalar Tech Co.,Ltdမှ […]
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ကြီးကြီးကျေးရွာ၊ မိုင်တိုင် ၃၃၀ အနီးတွင် (ကြေးခေတ်၊ သံခေတ်) သုတေသနပြု ဆောင်ရွက်ပြီးစီး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ တူးဖော်၊ ရှေးပစ္စည်း၊ ကမ္ပည်းကျောက်စာဌာနစုမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှရွှေ ခေါင်းဆောင်သော တူးဖော်မှုအဖွဲ့သည် မန္တလေးတိုင််းဒေသကြီး မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ကြီးကြီးကျေးရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာ စားကျက်မြေ၊ ဧရိယာ(၂၀)ဧကရှိ မြေကွက်ပေါ်တွင် ကြေးခေတ်/သံခေတ် […]
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအား ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရုံးအမှတ် ၃၅၊ နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ် ခဲ့ပါသည်။အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် […]
ဝန်ကြီးဌာနစုပေါင်းထမနဲထိုးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း (နေပြည်တော်၊ဖေဖော်ဝါရီ-၁၄)
သာသနာရေးနှင့်ယှဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၀ပြည့်နှစ် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်သိမ့်ဆု(၁)ဆွတ်ခူး ရရှိခဲ့ပါသည်။
“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲအား နေ့ရက်ပြောင်းလဲ၍ ကျင်းပခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း“ ခေါင်းစဉ်ဖြင့် သုတေ သနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ဌာန၏ Website/ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ […]
“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန်အတွက် သုတေသနစာတမ်းများအတည်ပြုရွေးချယ်ခြင်း
နေပြည်တော် ဖေ ၇ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း“ ခေါင်းစဉ်ဖြင့် သုတေ သနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သုတေသနစာတမ်း (၈)စောင် ဖတ်ကြားသွားမည်ဖြစ်ပါသည်။ […]