ရှေးဟောင်းဝတ္ထုပစ္စည်းများအားအပ်နှံ ခြင်းနှင့်လှူဒါန်းခြင်းမှထိန်းသိမ်း စုဆောင်း ရရှိခြင်း

30/03/2020 arnmdeptadmin35moc 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍ စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို […]

ရှေးဟောင်းဝတ္ထုပစ္စည်းများအပ်နှံခြင်းအတွက်ဆုကြေးငွေနှင့်ဂုဏ်ပြုမှတ် တမ်းလွှာ ပေးအပ်ချီးမြှင့်

30/03/2020 arnmdeptadmin35moc 0

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်၊ နတ်ကျွန်းရပ်ကွက်နေ ‌ဒေါ်ခင်ဝင်း(၁၁/ စတန(နိုင်) ၀၀၅၁၃၉) သည် မုပွန်မြို့ဟောင်းမှ စုဆောင်းရရှိထားသော အေဒီ၇-၁၀ရာစုကြားကာလ ရွှေပုတီးစေ့ (၃)စေ့၊ ရွှေအပြားပါးပါးကပ်ထားသော မြေပုတီးစေ့(၂)စေ့ (၁)ခြမ်း ၊ ရောင်စုံကျောက် ပုတီးစေ့များ၊ ကျောက်ပုတီးစေ့အခြမ်းများနှင့် မြေပုတီးစေ့များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)သို့ […]

ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်း (၃)မြို့၌ ပထဝီသတင်းအချက်အလက် အလွှာများ(GIS Layer) အဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်

20/03/2020 doarnm 0

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ရှေးဟောင်းသုတေသနဆိုင်ရာ ဒေသများနှင့် သက်ဆိုင်သော သုတေသနအချက်အလက်များကို ကောက်ယူ၍ GIS Database System ကို ချိတ်ဆက်အသုံးပြုကာ မြေပုံများနှင့်တကွ ရေးဆွဲတင်ပြခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။           ပျူမြို့ဟောင်း(၃)မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် ကမ္ဘာ့လုံးဆိုင်ရာ တန်ဖိုးနှင့် ကိုက်ညီသော အထောက်အထားများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အတွက် အခြေခံကျသည့် […]

ကျောက်ခေတ်ယဉ်ကျေးမှုအမွေအနှစ်အထောက်အထားများ ကွင်းဆင်းရှာဖွေဖော်ထုတ်

20/03/2020 doarnm 0

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုဖြစ်စဉ်အားလုံးကို စုံလင်စွာနှင့် ပိုမို ပြည့်စုံစွာ ဖော်ထုတ်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစား ဖော်ထုတ်လျက် ရှိပါသည်။ ယဉ်ကျေးမှုဖြစ်စဉ်များထဲမှ အစောဆုံးသော ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ကျောက်ခေတ်ယဉ်ကျေးမှုကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် လေ့လာကွင်းဆင်း၍ ဖော်ထုတ်လျက်ရှိပါသည်။ […]

ဘုရားအမှတ်(၂၀၀၀)ဂူဘုရားရှိ နံရံဆေးရေးပန်းချီများအား ကြံ့ခိုင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

20/03/2020 doarnm 0

ဘုရားအမှတ်(၂၀၀၀)ဂူဘုရားသည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၊ ပုဂံ မြို့ဟောင်း၏ အရှေ့ မြောက်ဘက်၊ တောင်ဘီ၊ လယ်ယားကျေးရွာတွင် တည်ရှိသည်။ ဘုရား၏ အမျိုးအစားမှာ တစ်ထပ်ဂူ ဘုရားဖြစ်ပြီး အေဒီ (၁၃)ရာစု ခေတ်လက်ရာ ဖြစ်သည်။ အပြင်ပိုင်းတွင် အင်္ဂတေပန်း လက်ရာ များဖြင့် တန်ဆာဆင်ထားခဲ့သော်လည်း ၁၉၇၅ ခုနှစ်မြေငလျင်ဒဏ် ကြောင့် […]

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဟန်လင်းမြို့ဟောင်း၌တူးဖော် သုတေသနပြု ဆောင်ရွက်ပြီးစီးမှုအခြေအနေ

18/03/2020 doarnm 0

ပျူမြို့ဟောင်း(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး ၊ သရေခေတ္တရာ မြို့ဟောင်းများအား ၂၀၁၄ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် 38th Session of the World Heritage Committee (Doha 2014)၌ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရပါသည်။ […]

အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနား

18/03/2020 dfanpt 0

ချင်းချောင်းနန်းတော် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လှူဒါန်းပွဲအခမ်းအနား စင်ကာပူနိုင်ငံ Singapore Tourism Board မှ ကြီးမှူး၍ ရန်ကုန်မြို့ရှိ ချင်းချောင်း နန်းတော်၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည့် Singapore Festival ၌ လက်မှတ်ရောင်းချရငွေ […]

ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း

16/03/2020 doarnm 0

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင်ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက် အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု အမွေ အနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ ငလျင်ဒဏ်ခံရှေးဟောင်းအဆောက်အအုံများအရေးပေါ် […]

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာ အုပ်စု၊ကြီးကြီးကျေးရွာအနီး၌ကြေးခေတ်သံခေတ်တူးဖော်သုတေသန ပြုခြင်း

16/03/2020 doarnm 0

မြန်မာ့သမိုင်းမတင်မီခေတ် ယဉ်ကျေးမှုအစဉ်အဆက်ကို ရှာဖွေဆက်စပ် ဖော်ထုတ်ပေးနိုင် ရန်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအပေါ် ပြည်သူအများ တန်ဖိုးထား နားလည်နိုင်စေရန်နှင့် အသိပညာဖြန့်ဝေ ပေးနိုင်ရန်၊ တူးဖော်သုတေသနပြုပြီးသော သမိုင်းမတင်မီ ကြေးခေတ် သံခေတ် ယဉ်ကျေးမှုဒေသများနှင့် ဆက်စပ်နှိုင်းယှဉ် သုတေသနပြု လုပ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် […]