သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ရောက်ရှိ၍ သျှစ်သောင်းပုထိုးတော်ကြီးအဝင် မုခ်ဦးရှိ အာရှပစိဖိတ်ဒေသ မှတ်တမ်းအမွေအနှစ်စာရင်းဝင် […]