(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အကြိုလှုံဆော်ရေးအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင် ဝန်ထမ်းများက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)တွင် ထုတ်လွှင့်ပြသမည့် ရွှေမြန်မာအငြိမ့်အစီအစဉ်ရိုက်ကူးခဲ့ပါသည်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းလျက် အဆို၊ အက၊ အတီး များဖြင့် ပြည်သူများအားအပန်းဖြေစေရန် ဖျော်ဖြေတင်ဆက်ပေးလျက်ရှိပါသည်။ ဇာတ်တော်ကြီးများ ဖော်ထုတ်တင်ဆက်ခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ နယ်လှည့်ဖျော်ဖြေတင်ဆက်ခြင်း၊ နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာရောက်လည်ပတ် သည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း […]