ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)တို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး ရန်ကုန်မြို့၊ ဇူလိုင်လ ၁၆ ရက်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်ယနေ့နေ့လည်(၁၄း၀၀)နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)တွင် မြန်မာနိုင်ငံပန်းချီ၊ပန်းပုအစည်းအရုံး(ဗဟို) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲသို့ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)ကို ၁၉၁၈ ခုနှစ်တွင် “မြန်မာနိုင်ငံပန်းချီအသင်းကြီး”(Burma Art Club)အဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း၁၀၅ နှစ်သက်တမ်းရှိသည့် […]