သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံခြင်း 

31/08/2023 nuacygn 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ‌ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၃၀-၈-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ရောက်ရှိလာရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပါသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ပါ‌မောက္ခချုပ် ဒေါက်တာ‌ကေသီထွေးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်ပြီး ပညာဌာနများဖြစ်ကြသည့် စာပေပညာဌာန၊ ဂီတပညာဌာန၊ သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာန၊ […]

(၂၄) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးကျင်းပရန်ကုန် ၂၉-၈-၂၀၂၃

29/08/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်မြို့ရှိ  Novotel Yangon Max Hotel ရှိ Pyay Room ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ […]

မြန်မာ့သမိုင်းစဉ် ဆွေးနွေးပွဲရလဒ်များအား သက်ဆိုင်ရာကဏ္ဍအလိုက် စိစစ်၊ သုံးသပ် ညှိနှိုင်းအတည်ပြုနိုင်ရေးအတွက် “ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် ဆွေးနွေးပွဲ” ကျင်းပ ရက်စွဲ၊ ၂၈ . ၈ . ၂၀၂၃

28/08/2023 morac35 0

“ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် ဆွေးနွေးပွဲ”ကို ယနေ့ နံနက် ၁၀နာရီ တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ကျင်းပရာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ တက်ရောက် အမှာစကား ပြောကြားသည်။           ဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်နေခြင်းကို ကြည့်ရှုစစ်ဆေး နေပြည်တော် ဩဂုတ်လ ၂၅ ရက်

25/08/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည်မြန်မာ့ဇာတ်သဘင်၏ အဓိက အကိုင်းအခက်များဖြစ်သော မြန်မာ့ရိုးရာအနုသုခုမပညာရပ်များဖြစ်သည့် အဆို၊ အတီး၊ အက၊ အငြိမ့်နှင့်ဇာတ်တော်ကြီးတင်ဆက်ကပြမှုများကို စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေ ၀၄၃၀ နာရီအချိန်က ရုံးအမှတ်(၃၅)ရှိလေ့ကျင့်ရေးဇာတ်ရုံတွင် “လောဘအမှောင်” ဆို ငို ပြော […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပပြုလုပ်သော Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် နေပြည်တော်၊ ဩဂုတ် (၂၁)

21/08/2023 morac35 0

Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၁.၈.၂၀၂၃)ရက် (၁၀:၀၀)နာရီအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ရှေးဟောင်းသုတေသနနှင့် […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်အမျိုးသားပြတိုက်(နေပြည်တော်)၏ ပြတိုက်ပညာပေးအစီအစဉ်နှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ ကလေးစာကြည့်တိုက်လှုပ်ရှားမှု အစီအစဉ်များ ကြည့်ရှုအားပေးနေပြည်တော် ဩဂုတ်   ၁၉

19/08/2023 morac35 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အမျိုးသားပြတိုက်(နေပြည်တော်)တွင်  ၁၉-၈-၂၀၂၃ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်သည့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း၊ နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများအား ပြတိုက်အသိပညာ ပေးရေးအစီအစဉ်ကို တက်ရောက်၍ အားပေးကြည့်ရှုခဲ့သည်။ အဆိုပါအစီအစဉ်တွင် ရှေးဦးစွာ […]

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ (၁)နှစ်သင်တန်း၊ အမှတ်စဉ်(၂၁) သင်တန်းသားများ ခေါ်ယူခြင်း

18/08/2023 morac35 0

၁။      ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-           (က)    သင်တန်းအမည်                           –    ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း           (ခ)     သင်တန်းကာလ                           –      (၁)နှစ် […]

ဘွဲ့ကြိုရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း

18/08/2023 morac35 0

၁။            (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)တွင် ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်းသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်-                 (က)   တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။ […]

No Image

ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း၊ သင်တန်းသားများခေါ်ယူခြင်း

18/08/2023 morac35 0

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမှတ်(၃၅)၊ နေပြည်တော် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း ၁။            ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)တွင် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း(၂၀၂၃-၂၀၂၄)ပညာသင်နှစ်ကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်- […]

ပုလဲရတုအထိမ်းအမှတ်အကြို တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲ၊ အဘယလာဘမုနိကြေးဆင်းတုတော် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ၊ (၂၉)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် လှူဒါန်းမှုအစုစုအား ရေစက်ချသာဓု အနုမောဒနာခေါ်ဆိုပွဲအခမ်းအနား

14/08/2023 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ပုလဲရတုအထိမ်းအမှတ်အကြို တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲ၊ အဘယလာဘမုနိကြေးဆင်းတုတော် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ၊ (၂၉)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် လှူဒါန်းမှုအစုစုအား ရေစက်ချသာဓု အနုမောဒနာခေါ်ဆိုပွဲအခမ်းအနားများကို ၁၁-၈-၂၀၂၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီမှစတင်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           ပထမဦးစွာ နံနက် ၀၉:၀၀ နာရီတွင် တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲအခမ်းအနားကို […]