သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေလှည့်လည်စစ်ဆေး နေပြည်တော်၊ ဇူလိုင် ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများနှင့် ရှေးဟောင်းရေကန်များ တူးဖော် ပြုပြင် ထိန်းသိမ်းခြင်းတို့ကို ယနေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထီးလိုမင်းလိုဘုရားတွင် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ အာရုံခံ အရပ်လေး မျက်နှာနှင့် အပေါ်ထပ်ရှိ […]