၁။ | ထုတ်လုပ်ဌာနခွဲသည် မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်များကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းခြင်း၊ |
၂။ | မျိုးဆက်သစ်များအား လက်တွေ့လက်ဆင့်ကမ်းသင်ကြားေပေးခြင်း၊ |
၃။ | နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများနှင့် အခမ်းအနားများ ဧည့်ခံပွဲများတွင် ဖျော်ဖြေ တင်ဆက်ခြင်း၊ |
၄။ | အများပြည်သူများအား နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လှည့်လည်၍ မြန်မာအကအခြေခံ ကဗျာလွတ် အက များကို ဗဟိုနည်းပြ၊ ဆင့်ပွားနည်းပြသင်တန်းများဖွင့်လှစ် ပို့ချခြင်း၊ |
၅။ | မြန်မာ့ရိုးရာ ဇာတ်သဘင်ပညာများ မတိမ်ကော၊ မပပျောက်စေရန် မဟာဗုဒ္ဓဝင် ဇာတ်တော် ကြီးများ၊ ပဒေသာအကများ နယ်လှည့်ကပြခြင်း၊ |
၆။ | မြန်မာ့အစဉ်အလာဇာတ်သဘင်များ၊ အငြိမ့်နှင့်ယိမ်းအကများကို ပြန်လည်ဖော်ထုတ်ခြင်း၊ ရှေးမူမပျက်စေဘဲ ပေါင်းစပ်အသစ်တီထွင်ခြင်း၊ |
၇။ | ဖျော်ဖြေတင်ဆက်မှုများကိုထုတ်လုပ်ပြီး ပြည်သူအကြားထိထိရောက်ရောက် ပြန့်ပွားစေရန် MRTV,MRTV(4),MWD & SKY NET တို့မှ ထုတ်လွှင့်နိုင်ရေး ဆက်စပ်ဌာန များနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ |
၈။ | နိုင်ငံတော်မှချမှတ်ထားသောစီမံကိန်း၊စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
၉။ | ထုတ်လုပ်ဌာနခွဲမှ ဝန်ထမ်းများ အရည်အသွေးမြင့်မားစေရေးအတွက် ကဏ္ဍအလိုက် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း။ |