ကွင်းဆင်းသုတေသနလုပ်ငန်းများဆောင်ရွက်မှုပြီးစီးမှုအခြေအနေ (၂၀၁၈)
သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအနေဖြင့် သမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်များကို ခိုင်မာသည်ထက် ပိုမိုခိုင်မာစေရန်အတွက် မြေပေါ်မြေအောက် အထောက်အထားများအား ကွင်းဆင်းသုတေသနပြုလုပ်ရန်အတွက် စီမံချက်များ ရေးဆွဲကာ ခေတ်အလိုက်ခွဲခြား၍ ကွင်းဆင်းသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် |
အဖွဲ့ဝင်အမည် |
ကွင်းဆင်းခရီး သွားရောက်သည့် ဒေသ |
နေ့ရက် |
(၁) |
ဒေါက်တာတိုးလှ ဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာသမိုင်းအဖွဲ့နှင့် အဖွဲ့ဝင်(၄)ဦး ပါဝင်သောအဖွဲ့ |
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့ဟောင်းနှင့်အနီးဝန်းကျင် ဒေသများသို့ ကွင်းဆင်း သုတေသနပြုလေ့လာရန် |
(၇-၂-၂၀၁၈) မှ (၁၃-၂-၂၀၁၈)ထိ |
(၂) |
ဒေါက်တာတိုးလှ ဒုတိယဥက္ကဋ္ဌ(၂) မြန်မာသမိုင်းအဖွဲ့နှင့် အဖွဲ့ဝင်(၆)ဦး ပါဝင်သောအဖွဲ့ |
ချင်းပြည်နယ်ဒေသရှိ ကျောက်ခေတ်သစ်နှင့် ပတ်သက်သည့် အထောက်အထားများနှင့် ရှေးဟောင်း ကျောက်ဂူများကို ကွင်းဆင်းသုတေသနပြု လေ့လာရန် |
(၁၆-၂-၂၀၁၈)မှ (၂၂-၂-၂၀၁၈) ထိ |
(၃) |
ဦးနီတွတ် အဖွဲ့ဝင်၊ မြန်မာသမိုင်းအဖွဲ့ နှင့် အဖွဲ့ဝင် (၂)ဦး ပါဝင်သောအဖွဲ့ |
ပုဂံစေတီပုထိုးများရှိ ပုဂံခေတ် ကျောက်ဆစ် လက်ရာများကို ကွင်းဆင်းသုတေသနပြု လေ့လာရန် |
(၁၆-၂-၂၀၁၈)မှ (၂၅-၂-၂၀၁၈)ထိ |
(၄) |
ဦးခင်မောင်ဆွေ လ/ထညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင် (၁)ဦး ပါဝင်သောအဖွဲ့ |
မန္တလေးမြို့၊ မဟာမြတ်မုနိ တံတိုင်းအတွင်းရှိ ကျောက်စာရုံမှ ကျောက်စာတိုင်များအား သုတေသနပြုခြင်း |
(၂၁-၃-၂၀၁၈)မှ (၃၀-၃-၂၀၁၈)ထိ |
(၅) |
မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင်၊ ဦးသိန်းလှိုင် ဦးဆောင်သော အဖွဲ့ဝင် (၃)ဦး ပါဝင်သည့် ကွင်းဆင်း သုတေသနအဖွဲ့ |
မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အနီးပတ်ဝန်းကျင် ဒေသများသို့ ကွင်းဆင်းခရီး သွားရောက်ခြင်း |
(၂၂-၅-၂၀၁၈)မှ (၂၇-၅-၂၀၁၈)ထိ |
(၆) |
မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင်၊ ဦးစံဝင်း ဦးဆောင်သော အဖွဲ့ဝင် (၃)ဦး ပါဝင်သည့် ကွင်းဆင်းသုတေသနအဖွဲ့ |
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပေါင်မြို့နယ်နှင့် သထုံခရိုင်တို့ အတွင်းရှိ မုတ္တမ (၃၂)မြို့ဝင် မြို့ဟောင်းများသို့ ကွင်းဆင်းခရီးသွားရောက်ခြင်း |
(၁-၆-၂၀၁၈)မှ (၁၂-၆-၂၀၁၈)ထိ |
(၇) |
မြန်မာသမိုင်းအဖွဲ့၊အတွင်းရေးမှူး ဒေါက်တာကျော်ဝင်း ဦးဆောင်သော အဖွဲ့ဝင် (၄)ဦး ပါဝင်သည့် ကွင်းဆင်း သုတေသနအဖွဲ့ |
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ဟောင်းနေရာများသို့ ကွင်းဆင်းခရီး သွားရောက်ခြင်း |
(၁၁-၁၁-၁၈) မှ (၁၉-၁၁-၁၈) ထိ |
(၈) |
ဦးအောင်မြင့်၊ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့ဝင် (၄) ဦး ပါဝင် သည့် ကွင်းဆင်းသုတေသနအဖွဲ့ |
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တကောင်းမြို့ ဟောင်း၊ ဟန်လင်းမြို့ဟောင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဗန်းမောက်မြို့တို့ရှိ ပျူခေတ် အထောက်အထားများအား ကွင်းဆင်းလေ့လာခြင်း |
(၄-၁၂-၁၈) မှ (၁၀-၁၂-၁၈) ထိ |
(၉) |
ဦးနီတွတ် အဖွဲ့ဝင်၊မြန်မာသမိုင်းအဖွဲ့ ဦးဆောင်သော အဖွဲ့ဝင်(၃)ဦး ပါဝင် သည့် ကွင်းဆင်းသုတေသနအဖွဲ့ |
စလေဒေသ၊ ပခန်းငယ်နှင့် ဆားလယ်ဒေသများရှိ ပုဂံခေတ်သာသနိက အဆောက်အအုံများအား ကွင်းဆင်းလေ့လာခြင်း |
(၃-၁၂-၁၈) မှ (၁၀-၁၂-၁၈) ထိ |
(၁၀) |
ဦးစံဝင်းအဖွဲ့ဝင်၊မြန်မာသမိုင်းအဖွဲ့ ဦးဆောင်သော အဖွဲ့ဝင်(၃)ဦး ပါဝင် သည့် ကွင်းဆင်းသုတေသနအဖွဲ့ |
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှိ ဂျိုင်းမြို့ဟောင်း၊ ဘင်လှိုင် မြို့ဟောင်း၊ မြိုင်မြို့ဟောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဇမိမြို့ဟောင်းနှင့် ဝင်းယော် မြို့ဟောင်းနေရာများသို့ ကွင်းဆင်းလေ့လာခြင်း |
(၁၇-၁၂-၁၈) မှ (၂၆-၁၂-၁၈) ထိ |
ကွင်းဆင်းသုတေသနသွားရောက်မှုမှတ်တမ်းဓါတ်ပုံများ