Previous Page <<<<<>>>>> Next Page
“Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary Symposium” နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနက ကြီးမှူး၍ ၂ ရက်တာ ကျင်းပမည့် “Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary Symposium” နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆-၁၇) ရက်နေ့များတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်များ၊ လွှတ်တော်အမတ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်တွင်းပြည်ပစာတမ်းရှင်များ၊ ပညာရှင်များ၊ သုတေသီများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
နိုင်ငံတကာစာတမ်းဖတ်ပွဲ ကျင်းပရန် စာတမ်းများကို ဖိတ်ခေါ်ရာတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများအပါအဝင် အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျပန်၊ အိန္ဒိယ၊ အိုင်ယာလန်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့မှ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ရှေးဟောင်းသုတေသန ပညာရပ်ဆိုင်ရာ လေ့လာချက်နှင့် Eco-tourism တို့နှင့် သက်ဆိုင်သော စာတမ်းများအပါအဝင် ပြည်ပမှ စာတမ်း(၂၉)စောင်နှင့် ပြည်တွင်းမှ စာတမ်း (၂၆)စောင် စုစုပေါင်းစာတမ်း(၅၅)စောင်ကို လက်ခံရရှိခဲ့ပါပြီး ရောက်ရှိလာသော သုတေသန စာတမ်းများကို စိစစ်ရွေးချယ်ရေးကော်မတီက စိစစ်ရွေးချယ်ရာတွင် (၁) Clear description of the research topic (၂) Appropriate and clear research methodology (၃) Concise and readable (i,e.logical sequence (၄)Relevance to the conference theme (၅) Contribution to the field of study/ innovation စသည့် စံသတ်မှတ်ချက်(၅)ချက်နှင့် ကိုက်ညီသည့် စာတမ်းပေါင်း (၂၁)စောင်ကို ရွေးချယ်ခဲ့ပါသည်။ သို့အတွက် ဌာနတွင်း သုတေသီများအပါအဝင် Parallel session အစီအစဉ်ဖြင့် ပထမရက် (၁၅)စောင်၊ ဒုတိယရက် (၆)စောင်ကို ဖတ်ကြားသွားခဲ့ပါသည်။
“Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary Symposium” နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲမှတ်တမ်းဓါတ်ပုံများ