စာကြည့်တိုက်၏ အဓိကလုပ်ငန်း တာဝန်များ

စာကြည့်တိုက်၏အဓိကလုပ်ငန်းတာဝန်များ

၁။ ပြည်တွင်းပြည်ပက ပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံအကြောင်းဆိုင်ရာစာစုကို စုဆောင်း ထိန်းသိမ်းသော ဗဟိုစာစုဌာနအဖြစ် ဆောင်ရွက်ခြင်း၊
၂။ ပြည်တွင်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားပစ္စည်း များကို ပြည့်စုံစွာရရှိအောင်စုဆောင်းထိန်းသိမ်းခြင်း၊
၃။ အမျိုးသားစာစုစာရင်း  (National Bibliography ) ကိုပြုစုထုတ်ဝေခြင်း၊
၄။ စာကြည့်တိုက်အချင်းချင်းဆက်သွယ်ငှားရမ်းရေး (Interlibrary Loan)ကိုပြုလုပ်ခြင်း၊
၅။ နိုင်ငံတကာနှင့်ဆက်သွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
၆။ ပြည်သူလူထုအား စာကြည့်တိုက်နှင့်သုတပညာနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊
၇။ အရှေ့တောင်အာရှဒေသမှ စာစုများကိုရယူစုဆောင်း၍ အများပြည်သူတို့အား ဖြန့်ဝေခြင်း၊
၈။ မြန်မာနိုင်ငံထုတ် စာနယ်ဇင်းများ၏စာနယ်ဇင်းအညွှန်းများ(Periodical Indexes) ကို ပြုစုထုတ်ဝေခြင်း၊
၉။ နိုင်ငံ၏စာကြည့်တိုက်နှင့် သုတပညာလုပ်ငန်းများတွင် အသုံးပြုနေသော စာကြည့်တိုက် နည်းစနစ်များကို တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရေးအတွက် “စံ” သတ်မှတ်ကာပြုစု ထုတ်ဝေခြင်း၊
၁၀။ အရှေ့တောင်အာရှဒေသဆိုင်ရာကွန်ယက် (South East Asia Regional Network) နှင့် နိုင်ငံတကာကွန်ယက်စနစ် (Internet)  တွင် ပါဝင်နိုင်ရေးအတွက် စာကြည့်တိုက်ဆိုင်ရာ နည်းပညာများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊
၁၁။ ကလေးစာကြည့်တိုက် ဝန်ဆောင်မှုပေးခြင်း။

14 total views , 2 views today